会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

မီးရထား

27.08.2020

မီးရထား

 

ဂျပန်နိုင်ငံ၏ မီးရထားများသည် အချိန်ဇယားများအတိုင်းပြေးဆွဲ၍ ထိုအချိန်များအတိုင်းတိကျစွာ ရောက်လာပါလိမ့်မည်။

 

ကမ္ဘာ့ပထမဆုံး မြန်နှုန်းမြင့်ရထား (ကျည်ဆန်ရထား)များ ရှိသည် ဟုလည်း နာမည်ကျော်ကြားပါသည်။ ဂျပန်ရထားများကို မဲဂျီခေတ်တွင် အင်္ဂလန်မှတဆင့် စတင်သိရှိကာ ပထမဆုံးအနေဖြင့် ရှိနဂ၀ဘူတာမှ ယိုကိုဟားမားဘူတာအထိ စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ပါသည်။ ဂျပန်ရထားများသည် အင်္ဂလန်မှ စတင်သိရှိလာခဲ့သည့်အတွက် တစ်ကမ္ဘာလုံးနှင့်မတူညီသော ရထားလမ်းများကို အသုံးပြုခဲ့ပါသည်။ ထိုမှအစပြု၍ ရထားအသုံးပြုခြင်းများဖြစ်ပေါ် တွင်ကျယ်လာသည်ဟု ဆိုကြပါသည်။ ဂျပန်နိုင်ငံတွင် အသုံးပြုနေသော စုစုပေါင်း ရထားလမ်းအရှည်မှာ 27,182kmရှိပြီး ကမ္ဘာတွင် နံပါတ် ၁၁ ဖြစ် ရပ်တည်နေပါသည်။ မိတ်ဆွေတို့နိုင်ငံများရှိ ရထားလမ်းများနှင့် နှိုင်းယဥ်ပါက ဗီယက်နမ်နိုင်ငံထက် ၁၀ဆ၊ ဖိလစ်ပိုင်နိုင်ငံရှိရထားလမ်းများထက် ၂၇ဆ ပိုမိုရှည်းလျားပါသည်။ ဂျပန်ကျည်ဆန်ရထားများသည် မြန်ဆန်၍အချိန်တိကျရာတွင်လည်း နာမည်ကြီးလှပါသည်။ တောင်မြောက် ကျည်ဆန်ရထား “hayabusa”

သည် တစ်နာရီ 320km ကမ္ဘာ့အမြန်ဆုံး နံပါတ်၃နေရာတွင် ရပ်တည်ကာ ပြေးဆွဲလျက်ရှိပါသည်။ အချိန်တိကျကာ ၉၉ရာခိုင်နှုန်းသော ကျည်ဆန်ရထားများ၏ နောက်ကျချိန်မှာ၅မိနစ်သာရှိပြီး ရထားအချိန်မှန်မှုတွင် ကမ္ဘာ့နံပါတ် ၁ အဖြစ်ရပ်တည်လျက်ရှိပါသည်။

 

အချိန်မှန်တိကျမှုသည် ယုံကြည်မှုမြင့်မားလာရခြင်း၊ ရထားများဆက်လက်ပြေးဆွဲရပ်တည်နိုင်ခြင်း၏ အဓိက အကြောင်းအရင်းထဲက တစ်ခုဖြစ်ပါလိမ့်မည်။