OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Pop Culture ခေါ် ပေါ့ပ် ယဉ်ကျေးမှု

03.09.2020

Pop Culture ခေါ် ပေါ့ပ် ယဉ်ကျေးမှု

 

Pop Culture ဆိုတာကတော့ ဂျပန်နိုင်ငံကို ကိုယ်စားပြုသော ယဥ်ကျေးမှုတစ်ခုဟု ဆိုနိုင်ပြီး လူစုလူဝေး ဓလေ့ယဥ်ကျေးမှုလို့လည်း အဓိပ္ပာယ်ရပါတယ်။ ယနေ့ခေတ်တွင်တော့ Pop Culture ကို ဆွဲဆောင်မှုမြင့်မားတဲ့ ခေတ်သစ်ဂျပန်၏ ပုံရိပ်ကို ဖောပြတဲ့ စကားလုံးအဖြစ် အသုံးပြုကြပါတယ်။ အသေးစိတ်အနေနဲ့ကတော့   ကာတွန်း၊ ရုပ်ပြဗီဒီယို၊ ရုပ်ရှင်ဇာတ်လမ်း၊ ဂိမ်း၊ ၀တ္တုတိုများ၊ နာမည်ကျော် တေးဂီတများနှင့် TV ရုပ်သံပရိုဂရမ် စသည့်တိုကိုဆိုလိုပါတယ်။  တစ်ကမ္ဘာလုံးအတွက် အမျိုးမျိုးသောပစ္စည်းများကို ပြသပေးရုံသာမက နိုင်ငံတိုင်းမှာလည်း ဂျပန် Pop Culture ၏ ဆွဲဆောင်မှုများကို ပြောဆိုသည့် ပွဲလမ်းတွေကို ကျင်းပလျက်ရှိပါတယ်။ ထိုပွဲများတွင် Pop Culture ကို ထိတွေ့ခံစားမိပြီး အားပေးပရိသတ်ဖြစ်သွားကာ ထိုမှတဆင့် ဂျပန်စာ နှင့် ဂျပန်ယဥ်ကျေးမှု ကို စိတ်၀င်စားသွားသူများလည်း အများအပြား ရှိပါတယ်။ ယခုဆိုရင်တော့ Pop Cultureဟာ ဂျပန်နိုင်ငံနှင့် ယဉ်ကျေးမှုအပေါ် နားလည်မှု နှင့် ယုံကြည်မှုတို့ ပိုမိုခိုင်မာစေဖို့ အ‌ရေးကြီးတဲ့ ယဉ်ကျေးမှုတစ်ခုပဲ ဖြစ်ပါတယ်။