会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

အိမ်သာ

17.09.2020

အိမ်သာ

 

အိမ်သာသည် လူသားများအသက်ရှင်နေထိုင်မှုအတွက် အခြေခံကျဆုံးလိုအပ်ချက်ဖြင့် အစပြုရာမှ တဖြည်းဖြည်း အိမ်သာကြွေခွက်များ ထုတ်လုပ်သည့် လုပ်ငန်းများ ပေါ်ပေါက်တည်ရှိလာပါသည်။ အထူးသဖြင့် ဂျပန်တွင် အိမ်သာကြွေခွက်များကို အခြေခံ အသုံးပြုရုံလောက်သာ ပြုလုပ်ထားခြင်း မဟုတ်ပါ။ သာမာန်အားဖြင့် အိမ်သာကြွေခွက်များမှာ သန့်ရှင်းသပ်ရပ်ရုံသာမက အမျိုးမျိုးသော စနစ်များဖြင့် စီမံပြုလုပ်ထားပါသည်။ အိမ်သာအသုံးပြုပြီးနောက် ရေပန်းအသေးစားဖြင့် အလိုအလျောက်ဆေးကြောပေးသည့် စက်များ၊ အိမ်သာထိုင်ခုံများကို အပူပေးစနစ်ထားရှိသည့် စက်များ စသဖြင့် သုံးစွဲသူများ အဆင်ပြေစေရန် အလေးပေးးပြုလုပ်လာကြပါသည်။ မိတ်ဆွေတို့လည်းဂျပန်အိမ်သာများကို အသုံးပြုခြင်းဖြင့် ဂျပန်ယဥ်ကျေးမှုဓလေ့များကို ထိတွေ့ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။