OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

သက်ကြီးရွယ်အိုများနေ့

21.09.2020

သက်ကြီးရွယ်အိုများနေ့

 

ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အိုများနေ့မှာ စက်တင်ဘာ လလယ်တွင် ပြုလုပ်ပါသည်။ သက်ကြီးရွယ်အိုနေ့ကို ယခင်က စက်တင်ဘာ ၁၅ရက်နေ့ဟု သတ်မှတ်ထားသော်လည်း ယနေ့တွင်မူ နှစ်အလိုက် နေ့ရက်ပြောင်းလဲလျက်ရှိပါသည်။ အလွယ်ဆုံးပြောရလျှင် အဘိုးအဘွားများအား ကျေးဇူးတင်ကြောင်း ပြောကြားသည့်နေ့ဖြစ်ပါသည်။ ဥပမာအားဖြင့် “အမြဲတမ်းရှိနေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်” “ကျန်းကျန်းမာမာ နေနိုင်ပါစေ” ဟူ၍ ပြောဆိုအားပေးလေ့ရှိပါသည်။ မိတ်ဆွေတို့လည်း အဘိုးအဘွားများကို ထိုသို့ပြောဆိုကြည့်ပါ။ အမှန်တကယ်ပင် ပျော်ရွင် ဝမ်းမြောက်သွားပါလိမ့်မည်။