ဆန်။
ဂျပန်တွင် ဆန်သည် ရှေးကတည်းကပင် စားသုံးကြသောအရာဖြစ်ပါသည်။ ယ္ခုနောက်ပိုင်းတွင်မူ ပေါင်မုန့်ကိုစားသုံးလာကြသူများလည်း ရှိပါသည်။ မည်သို့ပင်ဆိုစေကာမှု ဆန်သည် ဂျပန်လူမျိုးများ၏ အဓိကအစားအစာဖြစ်ပါသည်။ သင်ရော ဆန်အမျိုးအစား ဘယ်နှစ်မျိုးကို စားဖူးပါသလဲ?
1.Hakumai, Seihakumai(ဆန်ဖြူ)
ရှေးရှေးတုန်းက ထိုဆန်အမျိုးအစားသည် ဖြူဖွေး၍ အရောင်တောက်ပနေသည့်အတွက်ဂျပန်လို Gin Shari ဟုခေါ်ဆိုကြပါသည်။
- 2. Genmai (ဆန်လုံးညို)
ဆန်ဖြူမပေါ်ခင် ပထမဦးဆုံးမှာ ဆန်လုံးညို ဖြစ်ပါသည်။ Genmai ဆန်လုံးညိုသည် ဆန်ဖြူထက် Vitaminနှင့် Mineral ဓါတ် ကြွယ်၀စွာပါ၀င်ပါသည်။
- 3. Hatsuga genmai(Germinated Brown Rice)
ဆန်ဖြူကဲ့သို့ ချက်ရလွယ်ကူသော အမျိုးအစားဖြစ်ပါသည်။ GABAဟူသော Vitamin ဓါတ်ကြွယ်၀စွာပါ၀င်ပါသည်။
4.Mochi Kome(ကောက်ညှင်းဆန်)
ကောက်ညှင်းမုန့်နှင့် sekihan(ထမင်းနီ)များကိုပြုလုပ်ရာတွင် အသုံးပြုသောဆန်အမျိုးအစားဖြစ်သည်။ ကောက်ညှင်းဆန်သည် ဆန်ဖြူနှင့်နှိုင်းယှဥ်လျှင် စားရာတွင် ပျော့ပြောင်းနူးညံ့မှုကိုခံစားရစေပါမည်။ ကောက်ညှင်းဆန်သည် ဆန်ဖြူထက် ရေစုပ်ယူမှုလွယ်ကူသည့်အတွက် သတိပြုပါ။
- 5. Kodaimai(ဆန်ဟောင်း)
ဆန်အမျိုးအစားအားလုံးထဲတွင် အာဟာရ ပါ၀င်မှုအများဆုံး ဆန်ဖြစ်ပါသည်။ ဆန်ဟောင်းတွင် ဆန်နီနှင့်ဆန်မဲဟူ၍ရှိပြီး ဆန်ဟောင်းကို ထမင်းချက်ရာတွင်သာမက အရက်ချက်ရာတွင်ပါ အသုံးပြုကြပါသည်။ ဆန်ဟောင်းဖြင့်ချက်လုပ်ထားသောအရက်
ဖြစ်သည့် Nihonshu အရက်သည် လက်တွေ့တွင်မှု အရောင်းသွက်လှပါသည်။
မိတ်ဆွေတို့လည်း အရသာရှိသော ဂျပန်ဆန်များ၏အရသာကို မြည်စမ်းကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။