OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Teishoku(တစ်ယောက်စာအတွက်ဆိုင်ကသတ်မှတ်ရောင်းချသော အစားအသောက်ပုံစံ)

08.10.2020

Teishoku(တစ်ယောက်စာအတွက်ဆိုင်ကသတ်မှတ်ရောင်းချသော အစားအသောက်ပုံစံ)

 

မိတ်ဆွေတို့ စားသောက်ခန်း၊ စားသောက်ဆိုင်များတွင် Teishoku ပုံစံအစားသောက်များကိုစားဖူးကြပါသလား?

 

Teishoku ဆိုသည်မှာ.

ဂျပန်စားသောက်ဆိုင်များတွင် Teishoku Menu များ ထားရှိလေ့ရှိပါသည်။ Teishoku ဆို

သည်မှာ စားသောက်ဆိုင်များတွင်ရောင်းချနေသော ဟင်းလျာများကိုတစ်ချိန်တည်းတွင် စားမည့် ပန်းကန်အတွင်း အသင့်ပြင်ဆင်ပေးထားသော ပုံစံဖြစ်သည်။ 

အခြေခံအားဖြင့် Teishokuတွင်ထမင်းအဓိကထား၍ စားစရာတစ်မျိုးစီကိုပုံ၍ထည့်ပါသည်။

ယနေ့ခေတ်တွင် နေ့လည်ထမင်း Teishokuမှာ ဂျပန်ယန်းငွေ ၁၀၀၀နှင့်အောက်ဖြင့် ၀ယ်ယူ

ရရှိနိုင်ပြီး ၀န်ထမ်းများနှင့် ကျောင်းသားများကြားတွင် ရေပန်းစားပါသည်။

 

သာမာန် Teishoku Menu များ။

    ထမင်း:သာမာန်အားဖြင့် ထမင်းဖြူ ပါရှိပါသည်။

    မိဆိုဟင်းချို:ရာသီအလိုက် အစားအစာများ ပါရှိပါသည်။

    ချဥ်ဖတ်:အချဉ်စိမ်ထားသည့် ဟင်းသီးဟင်းရွက်များ ပါသည်။

    အသားနှင့်ငါး:ရာသီအလိုက် ငါးနှင့်အသားများ ပါရှိပါသည်။

 

Sankaku Tabe 

Sankaku Tabe ဆိုသည်မှာ ထမင်းနှင့်အတူ အသားနှင့် မိဆိုဟင်းချိုများပါဝင်သည့် set အား Teishoku ပုံစံဖြင့် စားသုံးခြင်းကိုဆိုလိုပါသည်။ ပထမဆုံး ထမင်း

ကိုစားရင်း အသားအနည်းငယ်ကိုစားကာ ပါးစပ်ထဲတွင် အရသာကိုချိန်ညှိမည်။ Teishoku

စား၍ အာဟာရဖြစ်စေရန်အတွက် ပါ၀င်သောအရာများအားလုံးကိုစား‌သောက်ကြပါစို့။

 

မိတ်ဆွေတို့က ဘယ်လို Teishoku မျိုးကို ကြိုက်နှစ်သက်ပါသလဲ?