OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Donburimono (ပန်းကန်လုံးတွင်ထမင်းနှင့်စားစရာများကိုထည့်၍စားသောက်ခြင်း။)

15.10.2020

Donburimono (ပန်းကန်လုံးတွင်ထမင်းနှင့်စားစရာများကိုထည့်၍စားသောက်ခြင်း။)

 

မိတ်ဆွေတို့ Donburimono ကိုစားဖူးပါသလား?

Teishokuနှင့်အလားတူစွာပင် စားသောက်ဆိုင်များတွင် Donburimonoကို ရောင်းချလေ့ရှိပါသည်။ စျေးနှုန်းမှာ ဂျပန်ငွေ  ၁၀၀၀ယန်းနှင့်အောက်တွင်ရှိပြီး စျေးသက်သာပါသည်။ 

Donburimono(Donဟုလည်းသုံးနှုန်းခေါ်ဆို)ဆိုသည်မှာ ကြီးမားသောပန်းကန်လုံး(Donburibachi) ထဲတွင် ထမင်းနှင့်အသားကိုထည့်ထားသော ဂျပန်ရိုးရာအစားအသောက်ဖြစ်ပါသည်။ ထို့အတွက် Donburimono သည် Teishoku ထက်လျှင်မြန်စွာစားသောက်နိုင်ပြီး ထမင်းပမာဏလည်း များပါသည်။  

 

Donburimono အမျိုးအစားများ။

Donburimono စသည် ဂျပန်တစ်နိုင်ငံလုံးတွင် အမျိုးမျိုးရှိပါသည့်အထဲမှ အခြေခံကျသော အမျိုးအစားများကို ဖော်ပြပေးသွားပါမည်။ မိတ်ဆွေတို့လည်းအောက်ပါ Donburimono အမျိုးအစားများကို စားဖူးကြပါသလား?

1.Katsudon:အကြော်မှုန့်ဖြင့်ကြော်ထားသော ၀က်သားကြော်နှင့် ကြက်သွန်နီကို ကြက်ဥဖြင့် ချက်ပြုတ်၍ ထမင်းပေါ်တွင်တင်သော အစားအသောက်တစ်မျိုးဖြစ်သည်။

2.Gyuudon:စျေးနှုန်းအသက်သာဆုံး Donburimono ဖြစ်ပါသည်။ အမဲသားပြားကို ကြက်သွန်နီဖြင့် အရသာထည့်၍ချက်ကာ ထမင်းပေါ်တွင်ပုံ၍စားရသော အစားအသောက်တစ်မျိုးဖြစ်သည်။ 

3.Kaisendon:လတ်ဆတ်သောငါးကို ဆရှိမိပြုလုပ်၍ ထမင်းပေါ်တွင်တင်၍စားရသောအစားအသောက်တစ်မျိုးဖြစ်ပါသည်။ ထို Donburimono ကို ဝဆဘိ၊ ပဲငံပြာရည်များဖြင့်စားသောက်ကြသူကများပါသည်။  

4.Tendon:Tenpura အကြော်(ပုဇွန်နှင့်အသီးအရွက်စသည့်)များကို ထမင်းပေါ်တွင် တင်၍ Amaitare ကိုဆမ်း၍ စားသည့် စားစရာတစ်မျိုးဖြစ်ပါသည်။ 

 

Donburimono စားသောက်နည်း။

အခြေခံအားဖြင့် Donburimono ပန်းကန်လုံးကိုမ၍ တူဖြင့်စားသောက်ပါသည်။ ဇွန်းကိုအသုံးပြုသည့်အခါတွင်လည်း ပန်းကန်လုံးကိုမ၍ စားသောက်ပါ။