会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Mochi(ကောက်ညှင်းမုန့်)‌ထောင်းခြင်း။

29.10.2020

Mochi(ကောက်ညှင်းမုန့်)‌ထောင်းခြင်း။

 

နှစ်စဥ်နှစ်တိုင်း ဂျပန်လူမျိုးများသည် နှစ်သက်ကူးအချိန်အခါသို့ရောက်လာလျှင် အစဥ်အလာ အတိုင်း Mochi ကို စားသုံးကြပါသည်။ အဘယ်ကြောင့် နှစ်သစ်ကူးတွင် Mochiကို စားသလဲဆိုတာကို သိကြပါသလား?  

 

Mochi ထောင်းသည့် ဆုံနှင့်ကျည်ပွေ့သည် အမျိုးသမီးနှင့်အမျိုးသားကို ကိုယ်စားပြုပါသည်။ သားစဥ်မျိုးဆက်ချမ်းသာကြွယ်ဝမှု၊ အိမ်၏ကြွယ်ဝမှုအမှတ်အသားအဖြစ် အိမ်များတွင် အမြတ်တနိုးထားရှိကြပါသည်။ ရှေးခေတ်က အိမ်သစ်ဆောက်လုပ်သောအခါတွင် လက်သမားဆရာများသည် ဆုံနှင့်ကျည်ပွေ့ကိုပြုလုပ်၍ ထိုအိမ်တွင်ထားလေ့ရှိပါသည်။မင်္ဂလာအခမ်းအနားများကိုလည်း အိမ်တွင်ကျင်းပလေ့ရှိကြသည်။ ထိုအခါမျိုးတွင် Mochiထောင်း၍ သားစဥ်မြေးဆက်ကြွယ်ဝချမ်းသာမှုအတွက် ဆုတောင်းခဲ့ကြပါသည်။ ထိုသို့ပြုလုပ်ရာမှ  Mochi ထောင်းခြင်းသည် ကံကောင်းစေသည်ဟု ယူဆလာကြပါသည်။ 

ဂျပန်နိုင်ငံတွင် ရှေးခေတ်ကတည်းက ကောက်ညှင်းကိုပေါင်း၍ စေးကပ်လာသည်အထိ ဆုံဖြင့် ထောင်း၍ အလွယတကူစားနိုင်သည့် အရွယ်အစားပုံစံများကို ပြုလုပ်ကြပါသည်။ စေးကပ်မှုနှင့်ကျုံ့ဆန့်လုပ်နိုင်မှုများပြုလုပ်နိုင်၍ ကင်လျှင်ပွလာပြီး ပြုတ်လျှင် ပျော်ဝင်စေပါသည်။ ရှေးယခင် နှစ်သစ်ကူးနှင့် ရာသီအလိုက်ပွဲလမ်းများနှင့် ဂုဏ်ပြုပွဲနေ့များတွင် စားသည့် စားစရာဖြစ်၍ ယနေ့ထိတိုင်အောင် ပြုလုပ်စားသောက်ကြပါသည်။ထိုဓလေ့သည် ဂျပန်နိုင်ငံတွင် ယ္ခုတိုင်အောင် ရှင်သန်တည်ရှိလျှက်ရှိပါသည်။ 

 

နှစ်သက်ကိုကြိုဆိုရန်အတွက် Mochi ထောင်းနည်း။

  1. ကောက်ညှင်းဆန်ကို ဆေး၍တစ်ညခန့် ရေဖြင့်စိမ်ထားပါ။ 

2.ခြင်းကြားထဲသို့ထည့်၍ ရေသွန်ပါ။ ထို့နောက်ပေါင်းအိုးထဲသို့ထည့်၍ ပေါင်းမည်။

3.ပေါင်းပြီးရလာသော ကောက်ညှင်းမုန့်ကို ဆုံထဲသို့ထည့်၍ ကျယ်ပွေ့ဖြင့်ချေဖျက်မည်။

ရေထပ်ထည့်၍ နယ်မည်။ 

4.ရေကိုထည့်၍ မိမိလိုချင်သည့်အနေအထားရသည့်အထိချိန်၍ ထောင်းမည်။ 

5.Mochiပုံစံသည် နေရာဒေသအပေါ် မူတည်၍ ကွာခြားမှုရှိပါသည်။ သာမာန်အားဖြင့် လေးထောင့်၊ အဝိုင်းပုံစံများမဟုတ်ဘဲ နိမိတ်ကောင်းစေသည့်ပုံစံများကို ပြုလုပ်ကြပြီး ခေါင်း

လောင်းပုံ Mochiများကိုလည်း ပြုလုပ်ကြပါသည်။ ထို့အပြင်ထောင်းပြီးရလာသော Mochiများကိုပါးပါးလေးပြုလုပ်၍ လေးထောင့် တုံးပြီး သိမ်းရလွယ်ကူအောင် ပြုလုပ်ကြပါသည်။Mochiထောင်းခြင်းကို ရှေးကတည်းကနှစ်သက်ကိုကြိုဆိုသောအရာဖြင့် မြတ်နိုးတန်ဖိုးထားကြပါသည်။ နှစ်တစ်နှစ်၏ နောက်ဆုံးနေ့ရက်များတွင် ပြုလုပ်ကြပါသည်။ ဒီဇင်ဘာ ၂၉ရက်နေ့နှင့် ၂၆ရက်နေ့တွင်မှု ပြုလုပ်လေ့မရှိပါ။ 29ကိန်းဂဏန်းတွင် (9=くろう)သည် စကား လုံးဆက်နွယ်မှုအရ ဆင်းရဲဒုက္ခ‌ရောက်သည် နမိတ်ရပါသည်။ 26သည် (ろくなことがない) ဟူသောစကားလုံးဆက်စပ်မှုအရ နမိတ်မကောင်းဟု အဆိုရှိပါသည်။