会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

စားသုံးခွန် (၈ရာခိုင်နှုန်းနှင့် ၁၀ရာခိုင်နှုန်း။)

10.12.2020

စားသုံးခွန် (၈ရာခိုင်နှုန်းနှင့် ၁၀ရာခိုင်နှုန်း။)

 

ဂျပန်တွင်ပထမဦးဆုံး သုံးစွဲအခွန်ကို ၁၉၈၉ခုနှစ် ဧပြီလတွင် စတင်သတ်မှတ် ပြဌာန်းပြီး ထို စဥ်က ၃ရာခိုင်နှုန်းသတ်မှတ်ခဲ့သည်။ ၁၉၉၇ခုနှစ်တွင် သုံးစွဲအခွန်ကို ၅ ရာခိုင်နှုန်းအထိတိုးမြင့် ခဲ့သည်။ ထိုနောက် ၂၀၁၄ခုနှစ်တွင် ၈ရာခိုင်နှုန်း ထပ်မံတိုးမြင့်သတ်မှတ်ခဲ့ပါသည်။ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ၊ ၁ရက်နေ့(အင်္ဂါနေ့)မှစ၍ သုံးစွဲအခွန်ကို ၈ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိ တိုးမြင့်ကောက်ခံခဲ့ပါသည်။ သုံးစွဲအခွန်တိုးမြင့်ရေးနှင့် လျှော့ချရေးကိုအကောင်အထည်ဖော်ခဲ့ပါသည်။ သုံးစွဲအခွန်ကို ၁၀ရာခိုင်နှုန်းအထိတိုးမြင့်လိုက်ပြီး စားသုံးကုန်အခွန်ကို မူလ၈ရာခိုင်နှုန်းအတိုင်းထားရှိခဲ့ပါသည်။ ဘယ်လိုအရာမျိုးကို အခွန်၈ရာခိုင်နှုန်းကောက်ခံပြီး၊ အခြားဘယ်လိုရာမျိုးကို ၁၀ရာခိုင်နှုန်းကောက်ခံတာလဲဆိုတာကို မိတ်ဆွေတို့သိကြပါသလား?အသက်ရှင်နေထိုင်ရေးအတွက်မရှိမဖြစ်လိုအပ်သောအရာ(အရက်မပါ)နှင့်ပတ်သက်၍ စားသုံးအခွန်သည် ၈ရာခိုင်နှုန်းဖြစ်သော်လည်း စားသောက်ဆိုင်များတွင်စားသောက်လျှင်၁၀ရာခိုင်နှုန်းဆောင်ရန် ပြဌာန်းထားပါသည်။ Fast Foodဆိုင်နှင့် Convenienceစတိုးဆိုင်များတွင်၀ယ်ယူ၍ ထိုဆိုင်အတွင်းစားသုံးမည်ဆိုလျှင်လည်း ၁၀ရာခိုင်နှုန်းကျသင့်မည်ဖြစ်ပြီး၊ ဆိုင်အတွင်းမစားဘဲ ပါဆယ်သယ်ပါက ၈ရာခိုင်နှုန်းသာကျသင့်ပါမည်။

အနည်းငယ်ရှုပ်ထွေးသည့်အတွက် ၀ယ်ယူရာတွင်သတိပြုပါ။ ဥပမာအားဖြင့် ပါဆယ်ဆိုင်များတွင်၀ယ်၍ ထိုဆိုင်တွင်စားသောက်လျှင် ၁၀ရာခိုင်နှုန်းကျသင့်မည်ဖြစ်ပြီး၊ ထိုအရာကို၀ယ်၍ ပန်းခြံရှိထိုင်ခုံများတွင်ထိုင်၍စားသောက်လျှင် ၈ ရာခိုင်နှုန်းသာကျသင့်ပါမည်။ သုံးစွဲအခွန်သည် ပစ္စည်းနှင့် အခြေအနေကိုလိုက်၍ ၈ရာခိုင်နှုန်း သို့မဟုတ် ၁၀ရာခိုင်နှုန်းဖြစ်နိုင်ပြီး အနည်းငယ်ရှုပ်ထွေးသည့်အတွက် ၀ယ်ယူရာတွင် အထူးသတိပြုပါ။