会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

HashiWatashi (တူတစ်ခုနှင့်တစ်ခုအသုံးပြု၍ အစားအသောက်များကိုအပေးအယူလုပ်ခြင်း)

31.12.2020

HashiWatashi (တူတစ်ခုနှင့်တစ်ခုအသုံးပြု၍ အစားအသောက်များကိုအပေးအယူလုပ်ခြင်း)

 

HashiWatashiဆိုသည်မှာ တူတစ်ခုနှင့်တစ်ခုကိုအသုံးပြု၍ စားစရာများ အပေး အယူလုပ်ခြင်းကိုဆိုလိုပါသည်။ အသုဘမီးသင်္ဂြိုဟ်ပြီးနောက် သေဆုံးသူ၏ အရိုးကို ကောက်ယူရာတွင် ပြုလုပ်သည်နှင့်ပုံစံတူပါသည်။ ထိုသို့ပြုလုပ်ခြင်း ကြောင့် ကံဆိုးခြင်းများကျရောက်လာနိုင်သည်ဟု ယူဆလေ့ရှိသည်။ ဂျပန်လူမျိုးများသည် ထိုသို့ပြုလုပ်ခြင်းကို အလွန်အမင်းမနှစ်မြို့ ဖြစ်ကြသည့်အ

တွက် အထူးသတိပြုပါ။ အကယ်၍ တူကိုအသုံးပြု၍ တစ်ဖက်လူအား အစားအသောက်များကိုဝေမျှပေးချင်လျှင် ထိုစားစရာကို တစ်ဖက်လူနှင့်မိမိက ယူရန်လွယ်ကူသည့်အနေအထား တွင်ရှိသောပန်းကန်တစ်ခုခုတွင် ထည့်၍ တဖက်လူအား ယူစေပါ။ မိမိလည်း တစ်ဖက်လူဆီမှ အစားအသောက်များကို ရယူလိုပါက ထိုကဲ့သို့ပြုလုပ်ပါ။ ထိုသတ်မှတ်ချက်သည် တူအချင်းချင်းဖြင့် စားစရာများကိုအပေးအယူမလုပ်ရန်ကိုသာ ဆိုလိုပါသည်။ ဇွန်ခရင်းများဖြင့် ပြုလုပ်၍ရပါသည်။ စိတ်ပေါ့ပါးစွာဖြင့်အစားအသောက်များကို ဝေမျှပေးနိုင်ပါသည်။