会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

TateBashi (တူကိုထိုးစိုက်၍ ထားရှိခြင်း)

07.01.2021

TateBashi (တူကိုထိုးစိုက်၍ ထားရှိခြင်း)

 

TateBashi ဆိုသည်မှာ ထမင်းပေါ်တွင်တူကိုထိုးစိုက်၍ထားရှိသော လုပ်ရပ်ကိုဆိုလိုပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် သေဆုံးသူအတွက်ရည်စူးကာ အိပ်ယာခေါင်းရင်းဘက်တွင် ထမင်းပေါ်တွင်တူကိုစိုက်၍ ထားရှိခြင်းနှင် အလားသဏ္ဌာန်တူညီမှုရှိသောကြောင့်ဖြစ်သည်။ ဂျပန်လူမျိုးများသည် ထိုအပြုအမှုကိုလုံး၀မကြိုက်နှစ်သက်ပါ။ဂျပန်ကလေးငယ်များကိုလည်း တူတစ်ခုနှင့်တစ်ခုဖြင့် အစားစာများကို‌ဝေမျှခြင်းနှင့် ထမင်းပေါ်တွင်တူကိုစိုက်၍မထားရန်ကို ငယ်စဥ်ကတည်းက ဆုံးမသွန်သင်ထားကြပါသည်။ ကျွန်တော်လည်းပဲ ငယ်စဥ်ကလေးဘ၀က ထမင်းပေါ်တွင်တူကိုစိုက်၍ထားသဖြင့် မိဘများမှ သတိပေးခြင်းခံခဲ့ရဖူးပါသည်။ အဲဒီလောက်အထိ ဂျပန်လူမျိုးများသည် တူကိုစိုက်၍ထားရှိခြင်းကို လုံး၀မကောင်းသောအပြုအမှုအဖြစ် ရှု့မြင်ကြပါသည်။