会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

လူနာသွားကြည့်ရာတွင် သတိပြုရမည့်အရာများ။

21.01.2021

လူနာသွားကြည့်ရာတွင် သတိပြုရမည့်အရာများ။

 

လူနာကြည့်ခြင်း၊ ဆေးရုံဆင်း၍ဂုဏ်ပြုသည့်အနေဖြင့်ပန်းစည်းပို့ပေးခြင်းများပြုလုပ်ရာတွင် ပန်းအိုးဖြင့်စိုက်ထားသောပန်းအမျိုးအစားများ ပေးပို့ခြင်းကိုရှောင်ကြဥ်သင့်ပါသည်။ ပန်းပင်အမြစ်သည် မြေကြီးကိုတွယ်ဆက်နေသည့်အနေအထား ကို ဂျပန်ဘာသာစကားဖြင့် Netsuki ဟုခေါ်ပါသည်။ ထိုစကားလုံးနှင့် အသံထွက်တူကာ အက္ခရာကွဲလွဲသော အခြားသော စကားလုံးလည်း

ရှိပါသည်။ ထိုအသံထွက်တူစကားလုံး၏ အဓိပ္ပယ်မှာ အိပ်စက်ခြင်း ဖြစ်သည်။ထိုစကားလုံးအဆက်အစပ်ကိုတွေးခေါ်၍ ရောဂါဆက်လက်ရှည်ကြာစွာဖြစ်နေနိုင်ပြီး ကောင်းသောနမိတ်မဟုတ်ဟု ယူဆကြပါသည်။ 

ပန်းအမည်နှင့်ထိုပန်း၏သဘောသဘာ၀စသည့်တို့ကြောင့် စိတ်ခံစားမှုဆိုးရွားစေ နိုင်ပြီး စိတ်မချမ်းမြေ့မှုကိုဖြစ်စေနိုင်သည်။ ဥပမာအားဖြင့်ပန်းအမျိုးအစားတစ်ခု ဖြစ်သောシクラメンပန်းတွင်  (シク=သေ၊ပင်ပန်း)စသဖြင့်အဓိပ္ပယ်ကောက်ကြ သည်။アジサイဟုခေါ်သောပန်းသည် အရောင်အားဖြင့်ညိုးနွမ်းနေ၍သော် လည်းကောင်း၊   ဂန္ဓမာပန်းသည်လည်းအသုဘအခမ်းအနားတွင်အသုံးပြုလေ့ ရှိသည့်ပန်းဖြစ်နေ၍လည်းကောင်း ရှု့မြင်ကြပါသည်။ ထို့အပြင် လီလီပန်းများသည် အနံ့ပြင်း၍ ၀တ်မှုံ‌များလွင့်စင်ခြင်းများရှိသည့်အတွက် ဆေးရုံတက်နေစဥ်အတွင်း ဓါတ်မတည့်ခြင်းများဖြစ်နိုင်သည်ဟု ယူဆကြပါသည်။ ကမဲလီးယားပန်းပင်များသည် (ပန်းပွင့်အရင်းမှ ကျိုးကျခြင်း =လည်ဇက်ကျိုးခြင်း) များဖြစ်နိုင်သည်ဟု နမိတ်ဖတ်ယူဆကြပါသည်။ 

လူနာကြည့်ချိန် ပန်စည်းပေးခြင်းများပြုလုပ်ပါက ထိုအချက်များကိုထည့်သွင်း

စဥ်းစားရန်မမေ့ပါနှင့်။ ထို့အပြင် နမိတ်အကောင်းအဆိုးများကိုကြည့်ရမည်မဟုတ်ဘဲ ထိုပန်းများအ တွက်ရေဖြန်းလောင်းခြင်းများပြုလုပ်ရန်လိုအပ်သည့်အတွက် ဆေးရုံတက်နေ စဥ်အတွင်း ထိုပန်းများကိုပေးပို့ရန် မသင့်တော်ပါ။