လက်ကိုင်ပုဝါနှင့်ပတ်သက်၍သတိပြုရမည့်အချက်များ
မင်္ဂလာလက်ဖွဲ့နှင့် သာမာန်ဂုဏ်ပြုလက်ဖွဲ့အဖြစ် ပေးရန်မသင့်တော်ပါ။ အကြောင်းမှာ လက် ကိုင်ပုဝါကို ဂျပန်ဘာသာစကားဖြင့် “てぎれ”ဟုခေါ်ဆိုပြီး(てぎれ=手切れ) အသံထွက်တူ ညီပါသည်။ ရေစက်ဖြတ်ခြင်း(နောက်နောင် မတွေ့ချင်ဘူး)ဟူသောအဓိပ္ပယ်အရသဖြင့်လက်ဖွဲ့ ပေးရာတွင် သတိပြုပါ။ အထူးသဖြင့် သတိပြုရန်လိုအပ်သည်မှာ အဖြူရောင်ရက်လုပ်ထားသော လက်ကိုင်ပုဝါဖြစ် သည်။ ဂျပန်၌သေဆုံးပြီးသော ခန္ဓာကိုယ်များတွင် ပိတ်ဖြူပိုင်းများဖြင့် ဖုံးအုပ်သည့်ဓလေ့ ရှိပါသည်။ ထိုကဲ့သို့သော သေဆုံးပြီးသောသူများ၏မျက်နှာတွင်ဖုံးအုပ်သောပိတ်ဖြူပိုင်း သည် အရောင်အားဖြင့် ဆက်စပ်မှုရှိသည့်အတွက် မင်္ဂလာမရှိသောအရာအဖြစ်ယူဆပါ သည်။ အဖြူရောင်လက်ကိုင်ပဝါကို သာဆိုလိုခြင်းဖြစ်သည်ကိုလည်း မှတ်သားထားကြ ပါစို့။