မိုးနေ့များတွင် ထီးနှင့်ပတ်သက်၍။
ဂျပန်တွင်မိုးနေ့များ၌ တစ်ယောက်နှင့်တစ်ယောက်လွဲရာမှ မိုးရေစက်များကြောင့် တစ်ဖက်လူ စိုစွတ်မှုမဖြစ်စေရန် တစ်ယောက်နှင့်တစ်ယောက်ထီးစောင်းပေးခြင်းများပြုလုပ်လေ့ရှိသည့် သူတစ်ပါးကိုအလေးထားသောယဥ်ကျေးမှုရှိပါသည်။သို့သော်လည်း မသိလိုက်မိသောအချိန် အတွင်းတွင်အနီးနားမှလူများအားအနှောက်အယှက်ဖြစ်သွားခြင်းမျိုးလည်းရှိပါသည်။ ထိုသို့မ ဖြစ်ရန်အတွက်မိုးနေ့များတွင်သတိပြုရမည့်အချက်များနှင့်ထီးအသုံးပြုရာတွင် လိုက်နာရမည့် အရာများကို လေ့လာကြပါစို့။
・ထီးဖွင့်ပုံ။
အပေါ်ကိုဦးတည်၍ ဖွင့်လျှင် အနီးအနားမှလူနှင့် မိမိကို ရေစက်ကျခြင်းများရှိနိုင်သည်။ နံဘေး ပတ်ဝန်းကျင်ကို ကြည့်ပြီးမှ ထီးကို စောင်းစောင်းလေးဖွင့်လျှင် အဆင်ပြေဆုံးဖြစ်သည်။
・ လျှောက်လမ်းတွင် တစ်ဦးနှင့်တစ်ဦး လွဲသောအခါ။
ထီးဆောင်းလျှက် လမ်းကျဥ်းတွင် တစ်ဦးနှင့်တစ်ဦးလွဲသောအခါတွင် တိုက်မိခြင်း၊ မိုးရေစက်
များ တစ်ဖက်လူအပေါ် ကျရောက်မှုမရှိစေရန် ထီးကို တစ်ဖက်လူ၏ ဆန့်ကျင်ဖက်လားရာကို
စောင်းပေးမည်။
・ ထီးပိတ်နည်း။
ထီးကိုအလျှားလိုက်ပိတ်လျှင် ထီးထိပ်ဖျားသည် အခြားလူများကို ဦးတည်ကာ အန္တရာယ်ဖြစ်
နိုင်သည့်အတွက် ဂရုစိုက်ပါ။
・ထီးကိုင်၍ လမ်းလျှောက်ခြင်း။
ပိတ်ထားသောထီးကိုအလယ်မှကိုင်၍လက်လွဲပြီး လျှောက်လျှင် မိမိအနောက်မှ အခြားလူများ
ကို ထိုးမိ၍ အန္တရာယ်ရှိနိုင်ပါသည်။ ထီးကိုကိုင်၍လမ်းလျှောက်သောအခါတွင် မိမိအနောက်
မှ လမ်းလျှောက်သူများကို အနှောက်အယှက်မဖြစ်စေရန် ဂရုစိုက်ပါ။
ထီးအသုံးပြုနည်းမှားယွင်းလျှင် မိမိပတ်ဝန်းကျင်မှလူများကို အနှောက်အယှက်ဖြစ်စေပြီး အ
ဆိုးရွားဆုံးအနေဖြင့် ဒါဏ်ရာများများပါ ရနိုင်ပါသည်။ အနည်းငယ်သတိပြု၍ အချင်းချင်း ဂရု
စိုက်ပါစို့။