会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

မိုးနေ့များတွင် ထီးနှင့်ပတ်သက်၍။

09.02.2021

မိုးနေ့များတွင် ထီးနှင့်ပတ်သက်၍။

 

ဂျပန်တွင်မိုးနေ့များ၌  တစ်ယောက်နှင့်တစ်ယောက်လွဲရာမှ မိုးရေစက်များကြောင့် တစ်ဖက်လူ စိုစွတ်မှုမဖြစ်စေရန် တစ်ယောက်နှင့်တစ်ယောက်ထီးစောင်းပေးခြင်းများပြုလုပ်လေ့ရှိသည့် သူတစ်ပါးကိုအလေးထားသောယဥ်ကျေးမှုရှိပါသည်။သို့သော်လည်း မသိလိုက်မိသောအချိန် အတွင်းတွင်အနီးနားမှလူများအားအနှောက်အယှက်ဖြစ်သွားခြင်းမျိုးလည်းရှိပါသည်။ ထိုသို့မ ဖြစ်ရန်အတွက်မိုးနေ့များတွင်သတိပြုရမည့်အချက်များနှင့်ထီးအသုံးပြုရာတွင် လိုက်နာရမည့် အရာများကို လေ့လာကြပါစို့။

 

・ထီးဖွင့်ပုံ။

အပေါ်ကိုဦးတည်၍ ဖွင့်လျှင် အနီးအနားမှလူနှင့် မိမိကို ရေစက်ကျခြင်းများရှိနိုင်သည်။ နံဘေး ပတ်ဝန်းကျင်ကို ကြည့်ပြီးမှ ထီးကို စောင်းစောင်းလေးဖွင့်လျှင် အဆင်ပြေဆုံးဖြစ်သည်။ 

 

・ လျှောက်လမ်းတွင် တစ်ဦးနှင့်တစ်ဦး လွဲသောအခါ။

ထီးဆောင်းလျှက် လမ်းကျဥ်းတွင် တစ်ဦးနှင့်တစ်ဦးလွဲသောအခါတွင် တိုက်မိခြင်း၊ မိုးရေစက်

များ တစ်ဖက်လူအပေါ် ကျရောက်မှုမရှိစေရန် ထီးကို တစ်ဖက်လူ၏ ဆန့်ကျင်ဖက်လားရာကို

စောင်းပေးမည်။

 

・ ထီးပိတ်နည်း။

ထီးကိုအလျှားလိုက်ပိတ်လျှင် ထီးထိပ်ဖျားသည် အခြားလူများကို ဦးတည်ကာ အန္တရာယ်ဖြစ်

နိုင်သည့်အတွက် ဂရုစိုက်ပါ။ 

 

・ထီးကိုင်၍ လမ်းလျှောက်ခြင်း။ 

ပိတ်ထားသောထီးကိုအလယ်မှကိုင်၍လက်လွဲပြီး လျှောက်လျှင် မိမိအနောက်မှ အခြားလူများ

ကို ထိုးမိ၍ အန္တရာယ်ရှိနိုင်ပါသည်။ ထီးကိုကိုင်၍လမ်းလျှောက်သောအခါတွင် မိမိအနောက်

မှ လမ်းလျှောက်သူများကို အနှောက်အယှက်မဖြစ်စေရန် ဂရုစိုက်ပါ။ 

ထီးအသုံးပြုနည်းမှားယွင်းလျှင် မိမိပတ်ဝန်းကျင်မှလူများကို အနှောက်အယှက်ဖြစ်စေပြီး အ

ဆိုးရွားဆုံးအနေဖြင့် ဒါဏ်ရာများများပါ ရနိုင်ပါသည်။ အနည်းငယ်သတိပြု၍ အချင်းချင်း ဂရု

စိုက်ပါစို့။