会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ပစ္စည်းများပေးပို့သောအခါ ဂဏန်းအက္ခရာ (၄, ၉)စသည့်တို့နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များ။

11.02.2021

ပစ္စည်းများပေးပို့သောအခါ ဂဏန်းအက္ခရာ (၄, ၉)စသည့်တို့နှင့်ပတ်သက်၍သတိပြုရမည့်အချက်များ။

 

ရှေးကတည်းက ဂျပန်တွင် အရာ၀တ္ထုပစ္စည်းများကိုပို့ရာတွင် မဂဏန်း ၃၊ ၅၊ ၇စသည့် ကံကောင်းစေသောနံပါတ်များကို အသုံးပြုသည့်အလေ့အထရှိပါသည်။

စုံဂဏန်းတွင်မှု ၈ ဂဏန်းသည်သာယာ၀ပြောမှုဟူသောအဓိပ္ပယ်ဖြင့်ဂုဏ်ပြုရန်အသင့်တော်ဆုံးဖြစ်သည်။ မင်္ဂလာရှိသောကိစ္စများတွင် ၄၊ ၉ စသည့်ကိန်းဂဏန်းများ အသုံးပြုခြင်းကိုရှောင်ကြပါသည်။ ဂျပန်ဘာသာစကားတွင်၄ သည်သေဆုံးခြင်းဟူသောအဓိပွယ်စကားလုံးနှင့်ဆင်တူသည်။ ၉ သည် ပင်ပန်းဆင်းရဲခြင်းဟူသော အဓိပ္ပယ်စကားလုံးနှင့်ဆင်တူသည်။ ထို့ကြောင့် ဆေးရုံများတွင် ၄ထပ်ဖြစ်သော်ငြားလည်း ၄ထပ်ဟုရေးသားမဖော်ပြထားခြင်းများ၊ ၄ထပ်တွင် လူနာခန်းများ မပြုလုပ်ထားခြင်းများလည်းရှိပါသည်။ မု့န်များကို အိတ်သွပ်ရာတွင်လည်း ၄ခု၊ ၉ခုထည့်ခြင်းများ ရှောင်ရှားလေ့ရှိပါသည်။ ထိုသို့အသေးအမွှားကိစ္စများနှင့်ပတ်သက်၍လည်း ဂရုပြုပါ။