会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

မြောက်ဘက်အရပ်သို့ခေါင်းရင်းထား၍ မအိပ်စက်ရ။

25.02.2021

မြောက်ဘက်အရပ်သို့ခေါင်းရင်းထား၍ မအိပ်စက်ရ။

 

အသုဘတွင် သေဆုံးသူ၏ခေါင်းကို မြောက်ဘက်သို့မှု၍ထားရှိပါသည်။ ထို့ကဲ့သို့အလားတူ မြောက်ဘက်ရပ်သို့ခေါင်းရင်းထား၍အိပ်စက်ပါက ကံမကောင်းခြင်းများကျရောက်လာနိုင်ပါသည် ဆိုကြပါသည်။ 

ဂျပန်တွင် အသုဘအခမ်းအနားပြုလုပ်ခြင်းကို ဗုဒ္ဓဘာသာဓလေ့ထုံးစံအတိုင်းပြုလုပ်လေ့ရှိကြပါသည်။ အဆုံးအမများအရ သေဆုံးသူ၏ဦးခေါင်းကို မြောက်ဘက်အရပ်ဦးတည်၍ ထားလျှင်ပိုကောင်းသည်ဟု ယူဆကြပါသည်။