会員申込

ログイン

လုံခြုံစိတ်ချလူမှုဘဝ

တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှု

09.01.2020

တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှု

 

①လေပြင်းတိုက်ခတ်မှုကြောင့် ပြတင်းပေါက်မှန်များကွဲခြင်းမှ ကာကွယ်ရန်

・ပြတင်းပေါက်အကာ၊ရှပ်တာရှိပါက ပြတင်းပေါက်အကာ၊ရှပ်တာများ ပိတ်ထားပါ။

・ပြတင်းပေါက်အကာ၊ရှပ်တာ မရှိလျှင်  ပြတင်းမှန်ကာဖလင်ပြား၊ ပြတင်းမှန်မကွဲစေရန်ကပ် သည့် ဖလင်ပြားတို့ကို ကပ်ပါ။  ဖလင်ပြားမရှိလျှင် မှန်ကပ်တိပ်ဖြင့်  အလျားလိုက်၊ ဒေါင် လိုက်၊ ကန့်လန့်ဖြတ်လိုက်ကပ်ပြီး ပြတင်းမှန်များ အစိတ်စိတ်အမွှာမွှာကွဲခြင်းမှ ကာကွယ်ပါ။

・ပြတင်းမှန်များကွဲသွားပါက မုန်တိုင်းတိုက်ခတ်မှု မပြီးဆုံးခင်အချိန်အထိ မှန်ကွဲများနားသို့ အတတ်   နိုင်ဆုံး မသွားပါနှင့်။ မသွားမဖြစ်သွားရလျှင် ဖိနပ်သေချာစီးပြီး ခြေထောက်ကို မထိခိုက်မိစေရန် သတိ ပြုကာကွယ်၍သွားပါ။

 

 

    တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ချိန်တွင် လျှပ်စစ်ဓါတ်အား၊ ရေနှင့် ဂတ်စ် ပြက်တောက်နိုင်ချေ ရှိနိုင်ပါ သည်။

・လက်နှိပ်ဓါတ်မီးနှင့် ဘက်ထရီများအသင့်ပြင်ထားပြီး မိုဘိုင်းဖုန်းကိုလည်းအားအပြည့်ဖြည့်သွင်း ထားပါ။

・ချက်ပြုတ်စရာရမလိုတဲ့အသင့်စားသုံးနိုင်သော အစားအသောက်များနှင့် သောက်ရေတို့ကိုတိုင်ဖွန်း မုန်တိုင်း မလာမီအချိန်ကတည်းက အသင့်ပြင်ဆင်ထားသင့်ပါသည်။ထို့ပြင့် ရေချိုးခန်းတွင်းရှိ ရေနွေး စိမ်ကန်အတွင်းတွင်လည်း အိမ်သာသုံး ရေများသိုလှောင်ထားသင့်ပါသည်။ 

    တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီးချိန် အိမ်ပြင်သို့ထွက်လျှင် လဲကျနေသော ဓါတ်တိုင်များ၊ ပျက်ကျနေ သော ဝါယာကြိုးများအနီး ဓါတ်လိုက်မှုအန္တရာယ်မဖြစ်အောင် သတိပြုရှောင်ကြဉ်သွားလာပါ ။

တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်နေချိန်တွင် မလိုအပ်ဘဲ အပြင်မထွက်ပါနှင့်။