会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ရေနွေးစိမ်ခြင်းဓလေ့

09.01.2020

 

 ရေနွေးစိမ်ခြင်းဓလေ့

 

ဂျပန်ရှိ လူငယ်လူရွယ်များနှင့် အလုပ်များပြားသူများဟာ နွေကာလမှာ ရေလောင်းချိုးသူများရှိသလို ‌မိမိအိမ်ရဲ့ ရေချိုးခန်းမှာရှိတဲ့ ရေနွေးစိမ်ကန်မှာ ရေနွေးစိမ်သူများလည်း ရှိကြပါတယ်။ မအိပ်ခင် ရေနွေးစိမ်ခြင်းဟာ အနားယူအပန်းဖြေခြင်း တစ်မျိုးဖြစ်ပါတယ်။ အေးအေးဆေးဆေး ရေနွေးစိမ်ရင်း စာဖတ်ကာ အချိန်ကုန်ဆုံးလေ့ရှိသူများလည်း ရှိပါတယ်။ 

ရေနွေးစိမ်ခြင်းရဲ့ နှစ်သက်စရာကောင်းတဲ့ အဓိက အချက်က ဘာများပါလဲ?

ဂျပန်လူမျိုးများ အတွက် ရေနွေးစိမ်ခြင်းဟာ ခန္ဓာကိုယ် ဆေးကြောသန့်စင်ရုံလောက်သာ မကဘဲ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေရေးနှင့် စိတ်အပန်းဖြေရေးတို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ သာမာန်အားဖြင့် ရေနွေးစိမ်ခြင်းကို အိပ်ရာမဝင်ခင် ပြုလုပ်လေ့ရှိပါတယ်။ အိပ်ရာမဝင်ခင် ရေနွေးစိမ်တဲ့ဓလေ့ဟာ ဂျပန်လူမျိုးတို့ရဲ့ တစ်မူထူးခြားတဲ့ ဓလေ့ဖြစ်ပြီး ညစ်ပေနေတဲ့ ခန္ဓာကိုယ်ဖြင့် အိပ်ယာဝင်ဖို့ မသင့်တော်ဘူး ဆိုတဲ့အသိစိတ်ဖြင့် ပြုလုပ်ကြတယ်လို့လည်း ပြောဆိုကြပါတယ်။