会員申込

ログイン

လုံခြုံစိတ်ချလူမှုဘဝ

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါး ငလျင်ဒဏ်ကာကွယ်ရန် အသင့်ပြင်ဆင်ခြင်း

10.01.2020

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါး ငလျင်ဒဏ်ကာကွယ်ရန် အသင့်ပြင်ဆင်ခြင်း

 

ဂျပန်နိုင်ငံသည် ငလျင်လှုပ်ခတ်မှုများပြားသော နိုင်ငံဖြစ်ပါသည်။ ကြီးမားသောငလျင်များသည် မည် 

သည့်အချိန်၊ မည်သည့်နေရာတွင် ဖြစ်ပွါးမည်ကို မသိနိုင်ပါ။ ထို့အတွက် ငလျင်လှုပ်သော်လည်း

မထိတ်လန့်ဘဲ စိတ်အေးအေးထား၍ ပြုမှုဆောင်ရွက်နိုင်စေရန် နေ့စဥ်နေ့တိုင်းအသင့်ပြင်ဆင်ထားရန်

လိုအပ်ပါသည်။ 

 

1.လိုအပ်သည်များကို ပြင်ဆင်ခြင်း။

・အိမ်အနီးအနားရှိခိုလှုံနေရာနှင့်ကယ်ဆယ်ရေးဌာနများကိုစိစစ်ရှာဖွေထားပါ။ပန်းခြံ၊ ကျောင်းအားက စားရုံ စသည့်သတ်မှတ်နေရာအများအပြားရှိသည့်အတွက် နားမလည်သည့်အခါများတွင် မြို့နယ်ရပ်

ကွက်ရုံးများတွင် မေးမြန်းစုံစမ်းထားပါ။ 

・မိမိနေအိပ်မှဘေးရှောင်ရာနေရာသို့သွားမည့်လမ်းကြောင်းကို လုံး၀သိရှိနေအောင်ပြုလုပ်ထားပါ။ ငလျင်ဖြစ်ပွါးချိန်တွင်သွားလာရန် အဆင်မပြေသည့်လမ်းကြောင်းများ ရှိနေနိုင်သည့်အတွက်တစ်ခု ထက်ပိုသော လမ်းကြောင်းများကို ကြိုတင်စဥ်းစားရှာဖွေထားပါ။ 

・တီဗွီနှင့် ရေဒီယိုများမှ သဘာ၀ဘေးအန္တရာယ်သတင်းအချက်အလက်နှင့် ဘေးအန္တရာယ်ကာကွယ် 

တားဆီးရေး အစီအစဥ်များကို အစဥ်မပြတ်ကြည့်ရှု့ပါ။ 

・အစိုးရရုံးများမှ ဘေးအန္တရာယ်ကာကွယ်တားဆီးရေး ရေဒီယိုထုတ်ပြန်ချက်များကို နားဆင်ပါ။

 

2.သောက်စရာနှင့် အစားအစာများကို သိုလှောင်ထားရန်။ 

・ငလျင်အကြီးအသေးပေါ်မူတည်၍ လျှပ်စစ်၊ ဂတ်စ်၊ ရေပိုက်လိုင်း ပြတ်တောက်ခြင်းများရှိနိုင်ပါ

သည်။ထိုအခြေအနေမျိုးအတွက်ကြိုတင်ပြင်ဆင်သည့်အနေဖြင့်သောက်သုံးရေနှင့် ကြာရှည်ခံအစား အသောက်များကို စုစည်းသိုလှောင်ထားရန်လိုအပ်ပါသည်။ 

・သောက်သုံးရေ:အနည်းဆုံး သောက်သုံးရေး ၃ ရက်စာပမာဏကိုစုဆောင်းထားပါ။ လူတစ်ဦးကို

တစ်ရက် ၃လီတာနှုန်း အကြမ်းအဖျင်းတွက်ချက်၍ စုစည်းသိုလှောင်ထားပါ။ ၂လီတာဆန့်ရေသန့်ဘူး

များကို ၀ယ်ယူစုဆောင်းထားပါ။(သက်တမ်းကုန်ဆုံးရက်ကို သတိပြုပါ။) အကယ်၍ သက်တမ်းကုန်

ဆုံးလျှင် ရေချိုးခြင်းနှင့် အ၀တ်လျှော်ရာတွင် အသုံးပြုလိုက်ပါ။ 

・အစားအစာ:လွယ်ကူစွာစားသောက်နိုင်သော အစားအစာသို့မဟုတ် လွယ်ကူစွာချက်ပြုတ်နိုင်

သော အစားအစာများကို သိမ်းဆည်းသိုလှောင်ထားပါ။ (Instant Food၊ မုန့်၊ စည်သွပ်ဘူးနှင့်

ပေါင်မုန့်များကို ဆိုလိုသည်။)

・ရေချိုးခန်းရှိရေနွေးစိမ်ကန်တွင် ပုံမှန်နေ့စဥ်အသုံးပြုရန်အတွက် ရေများကို သိမ်းဆည်းသိုလှောင်

ထားပါ။

3.အရေးပေါ် သုံးပစ္စည်းသယ်ယူအိတ်(ကယ်ဆယ်ရေးအသုံးပြုအိတ်)များကိုအဆင်သင့်ပြင်

     ထားရန်။

နေအိမ်ပျက်စီးသွားလျှင် လှုံခြုံ၍ အန္တရာယ်ကင်းသော နေရာများသို့ ပြောင်းရွှေ့ခိုလှုံရပါမည်။ ထိုအ

ခါမျိုး၌ ကယ်ဆယ်ရေးဌာနများတွင် နေထိုင်သွားရပါမည်။ အရေးပေါ်သုံးပစ္စည်းများကို အဆင်သင့်

ပြင်ဆင်ထားကြရအောင်။

・အရေးပေါ်သုံးပစ္စည်းစာရင်း :ငွေသားပိုက်ဆံ၊ အိတ်ဆောင်ရေဒီယို၊ အရေးပေါ်ဆေး၀ါး၊ အရေး

ပေါ်စားစရာ၊ သောက်စရာရေ (လောလောဆယ်သယ်နိုင်သလောက်)၊ လျှပ်စစ်ဓါတ်မီး၊ ဓါတ်ခဲ 

စသည့်အရာများ။

 ※နိုင်ငံကူးလက်မှတ်စာအုပ်နှင့် နေထိုင်ခွင့်ကဒ်ပြား စသည့်တို့ကို ကိုယ်နှင့်မကွာဆောင်ထားရန်

မမေ့ပါနှင့်။ 

 

4.အိမ်အတွင်းဘက်ရှိနေချိန် မိမိကိုယ်ကိုကာကွယ်ရန် လုပ်ဆောင်ချက်များ။

(ပရိဘောဂပစ္စည်းနေရာချထားမှုကို သုံးသပ်ပါ)

・အကြီးစားငလျင်လှုပ်ခတ်မှုဖြစ်ပေါ်လျှင် ပရိဘောဂပစ္စည်းများလဲကျ၊ မှန်များကွဲထွက်လာခြင်း

ကြောင့် ကြီးမားသော ဒဏ်ရာများရရှိနိုင်ပါသည်။ လဲကျလာသောပရိဘောကပစ္စည်းများသည် အခန်း

တံခါးပေါက်နှင့် ပြတင်းပေါက်များကို ပိတ်ပင်တားဆီးထားသလိုဖြစ်ကာ ထွက်ပြေးလွတ်မြောက်ရန် 

မလွယ်ကူ ဖြစ်နိုင်ပါသည်။ လုံခြုံသောနေရာကို အစဥ်အမြဲပြုလုပ်ထားရန် လိုအပ်ပါသည်။

・ပရိဘောဂအနီးတ၀ိုက်တွင် မီးဖို၊ အပူပေးစက်များကို မထားပါနှင့်။ ငလျင်ကြောင့် ပရိဘောဂ

ပစ္စည်းများလဲကျသောအခါမျိုးတွင် မီးဘေးအန္တရာယ်ဖြစ်ရန် လွယ်ကူစေပါသည်။ 

・မြင့်မားသော ဗီရိုနှင့် စင်များတွင် အန္တရာယ်ရှိသော ပစ္စည်းများကို မတင်ပါနှင့်။

(မှန်များမကွဲစေရန် အသင့်ပြင်ဆင်ခြင်းပြုလုပ်မည်။)

တံခါးမှန်နှင့် ပြတင်းပေါက်မှန်များတွင် မှန်ကွဲအကာအကွယ်ပလတ်စတစ်အပြားများ ကပ်ထားပါ။ 

ပြတင်းပေါက်များတွင် လိုက်ကာနှင့် အလင်းကာများကို ပိတ်ထားသင့်ပါသည်။ 

(အိပ်ယာအ၀တ်ထည့်ဗီရိုစင်နှင့် ပစ္စည်းသိမ်းဆည်းနေရာများကို စစ်ဆေးမည်။)

・မြင့်မားသောနေရာများတွင် လေးလံသောပစ္စည်းများကို မသိမ်းဆည်းပါနှင့်။ 

5.ငလျင်လှုပ်ခတ်သောအခါတွင်

・မိမိခန္ဓာကိုယ်ကိုကာကွယ်ရန်အတွက် ငလျင်လှုပ်သည်ဟုခံစားရသည်နှင့်တပြိုင်နက် စားပွဲ

အောက်သို့၀င်ပါ။ မှန်ကွဲစနှင့် ပရိဘောဂပစ္စည်းများ လဲကျခြင်းမှ ထိုသို့ပြုလုပ်၍ မိမိခန္ဓာကိုယ်ကိုကာ

ကွယ်ကြရအောင်။ 

ငလျင်ရပ်သွားလျင် စိတ်ငြိမ်အောင်ထားပါ။ ငလျင်တုန်ခါမှု ပြင်းထန်သောအခါမျိုးတွင် ငလျင်ရပ်

သည်အထိစောင့်ပြီးမှမီးငြိမ်းပါ။ဘေးရှောင်ရန်ထွက်ခွါသောအခါတွင်ဂတ်စ်ခလုတ်ကိုပိတ်ရန်မမေ့ ပါနှင့်။

・ထွက်ပေါက်ကိုစိတ်ချလုခြုံမှုရှိအောင် ပြုလုပ်ထားပါ။

ဘေးရှောင်ရန်ထွက်ခွါသောအခါတွင်လျှပ်စစ်ပစ္စည်းခလုတ်များကိုပိတ်ရုံသာမကလျှပ်စစ်မီးကြိုး ပလပ်ပေါက်များကိုလည်းဖြုတ်ထားခဲ့ပါ။လျှပ်စစ်မိန်းခလုတ်ကိုပိတ်ထားခဲ့ပါ။ အပြင်ထွက်သောအခါ တွင်ပြုတ်ကျနေသောပစ္စည်းအသေးအမွှားများရှိနိုင်သည့်အတွက် ကြိုးသိုင်းဖိနပ်များကို မစီးပါနှင့်။ 

・ကမ်းစပ်အနီးအနားဖြစ်ပါက ဆူနာမီရေလှိုင်းအန္တရာယ်များဖြစ်နိုင်သည့်အတွက် ချက်ချင်းထွက်ခွါ

ခိုလှုံကြရအောင်။

・အပြင်ဘက်တွင်လမ်းလျှောက်နေသောအခါမျိုးတွင် ဆိုင်းဘုတ်များ၊ အိမ်နံရံများနှင့် ပြတင်းပေါက်

မှန်ကွဲစများ ကျရောက်နိုင်သည့်အတွက် အိတ်များဖြင့် ဦးခေါင်းကို ကာကွယ်ကာ လုခြုံစိတ်ချရသော

နေရာ(ငလျင်ဒဏ်ခံနိုင်သော ဘဏ်နှင့် အဆောက်အအုံအသစ်စသည့်) များတွင် ခိုလှုံကြပါ။

・စက်ဘီးစီးနေသောအခါမျိုးတွင်စီးနင်းရန်အဆင်မပြေဖြစ်လာခြင်းနှင့်လမ်းမျက်နှာပြင်ပျက်စီးခြင်း

များကြောင့်စက်ဘီးလဲကျနိုင်သဖြင့်စက်ဘီးကိုထိုနေရာတွင်ထား၍ လမ်းလျှောက်၍ ထွက်ပြေးခိုလှုံပါ။ 

 

6.ဘေးရှောင်ရာတွင် လမ်းလျှောက်နည်း။

・သတ်မှတ်ထားသော ကယ်ဆယ်ရေးဌာနများ၌ ထွက်ပြေးခိုလှုံသောအခါတွင် လက်နှစ်ဖက်ကို 

လွတ်လပ်စွာထား၍ လမ်းလျှောက်ပါ။ အေးဆေးတည်ငြိမ်မှုရှိပါစေ။ ကားနှင့် မော်တော်ဆိုင်

ကယ်များကို အသုံးမပြုပါနှင့်။ အရေးပေါ်ကားများသွားရန်အတွက် လမ်းကြောင်းအနှောက်အယှက်

ဖြစ်စေပါသည်။ 

・အုတ်နံရံဘလော့တုံးများနှင့် vending machine စက်များ လဲပြိုကျခြင်းများရှိနိုင်သည့်အတွက် 

အထူးသတိပြုပါ။ လမ်းအစွန်များတွင် ပြိုကျခြင်းများရှိနိုင်သည့်အတွက် သတိပြုပါ။ 

・လမ်းများတွင် မှန်၊ သံဘူး၊ ဆိုင်းဘုတ်၊ အဆောက်အအုံနံရံအပိုင်းအစများ ကျရောက်နေခြင်းများ

ရှိနိုင်သည့်အတွက် အထူးသတိပြုပါ။ မှန်ကွဲစများ ခြေတွင် မစူးရှစေရန်လည်း အထူးသတိပြုပါ။

 

မိတ်ဆွေတို့ ဘယ်လိုထင်မြင်ကြပါသလဲ? ငလျင်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်စရာများကို

လေ့လာပြီးသွားပါပြီ။ မိမိလည်း ဘေးအန္တရာယ်ကျရောက်မှုရှိကောင်းရှိနိုင်ပါလိမ့်မည်ဟု

တွေးမိကြတယ်မဟုတ်လား။ နှစ်စဥ်နှစ်တိုင်း မထင်မှတ်ထားသောနေရာများတွင် သဘာ၀

ဘေးအန္တရာယ်အများအပြားဖြစ်ပေါ်လျှက်ရှိပါသည်။ သဘာ၀ဘေးအန္တရာယ်သည် တခြား

လူများနှင့်သာ သက်ဆိုင်သည်မဟုတ်ပါ။ ဘေးအန္တရာယ်မှတဆင့် ကြီးမားသောပျက်စီးဆုံးရှုံး

မှု၊ သေးငယ်သော ပျက်စီးဆုံးရှုံးမှုသည် ကျွန်တော်တို့ တစ်ယောက်ချင်းစီ၏ အသိ၊ ကြို

တင်ပြင်ဆင်မှုတို့နှင့် သက်ဆိုင်မှုရှိကြောင်း တင်ပြလိုက်ရပါသည်။