会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

လက်ညိုးထိုးခြင်း အပြုအမှု

11.01.2020

လက်ညိုးထိုးခြင်း အပြုအမှု

 

မိမိပတ်၀န်းကျင်ရှိဂျပန်လူမျိုးများမှ“သူတစ်ပါးအားလက်ညိုးထိုးခြင်းဟာရိုင်းစိုင်းတဲ့အပြုအမှုဖြစ်တယ်”လို့သတိပေးခံရခြင်းမျိုးရှိဖူးပါသလား?ထိုကဲ့သို့သောအပြုအမှုဟာမည်သည့်အ ဓိပ္ပါယ်ကိုဆောင်ပါသလဲ? ထိုကဲ့သို့သောအပြုအမှုဟာသူတစ်ပါးအားစိတ်အနှေက်အယှက် ဖြစ်စေနိုင်တယ်မဟုတ်ပါလား? ဂျပန်မှာထိုကဲ့သို့သော လက်ညိုးထိုးခြင်းအပြုအမှုဟာအလွန် အမင်းရိုင်းစိုင်းသည်ဟုယူဆတဲ့အတွက် လုံး၀မပြုလုပ်သင့်ပါ။

ဂျပန်မှာထိုကဲ့သို့မပြုမှုရန်မှာလူတိုင်းသိရှိနားလည်ထားရမဲ့အရာတစ်ခုဖြစ်ပါတယ်။ နောက်ပြီး အရာ၀တ္ထုနှင့် နေရာများကို လက်ညိုးဖြင့်ထိုးညွှန် ခြင်းကိုမနှစ်မြို့သောသူများလည်းရှိတတ်ပါ တယ်။ဂျပန်နိုင်ငံသာမကအခြားသောနိုင်ငံများတွင်လည်းမယဥ်ကျေးတဲ့အပြုအမှုအဖြစ်ရှု့မြင်ကြပါတယ်။တစ်ကမ္ဘာလုံးကထိုအရာကိုမယဥ်‌ကျေးခြင်းနှင့်စိတ်အနှောက်အယှက်ဖြစ်စေ သောအပြုအမှုအဖြစ်သတ်မှတ်ထားတာကိုသိရှိနားလည်ထားရမှာဖြစ်ပြီး ထိုကဲ့သို့တစ်ပါးသူ အားလက်ညိုးထိုးခြင်းများမပြုလုပ်မိစေရန်ကိုလည်းအထူးသတိပြုသင့်ပါတယ်။ ထိုကဲ့သို့ရိုင်းပြမှုမရှိစေရန်ဘယ်လိုလုပ်ပြီးလက်ညိုးထိုးညွှန်မလဲ?

နည်းလမ်းအမှန်မှာ လက်၀ါးဖြန့်၍ထိုးညွန်ခြင်းပဲဖြစ်ပါတယ်။

မိတ်ဆွေတို့လည်းတစ်ပါးသူအားစိတ်အနှောက်အယှက်မဖြစ်စေဖို့အဲဒီနည်းလမ်းကိုမှတ်သားထားကြရအောင်နော်။