会員申込

ログイン

လုံခြုံစိတ်ချလူမှုဘဝ

အရေးအပေါ်အခြေအနေဆိုင်ရာဆောင်းပါး ရေဘေးအန္တရာယ်မှကာကွယ်ရန်ပြင်ဆင်ခြင်း

13.01.2020

အရေးအပေါ်အခြေအနေဆိုင်ရာဆောင်းပါး

ရေဘေးအန္တရာယ်မှကာကွယ်ရန်ပြင်ဆင်ခြင်း

 

ဂျပန်နိုင်ငံသည် ငလျင်၊ မုန်တိုင်း၊ ရေကြီးခြင်း၊ နှင်းမုန်တိုင်း စသည်ကြီးမားသောသဘာ၀ဘေးအန္တရာယ်

အစဥ်အမြဲဖြစ်ပွါးလျက်ရှိသော နိုင်ငံဖြစ်ပါသည်။ ပျက်စီးဆုံးရှုံးမှုနည်းပါစေရန် လျှင်မြန်စွာအသင့်ပြင်ဆင်

ခြင်းများကို ပြုလုပ်ထားနိုင်ပါသည်။

 

1.ရေဘေးမဖြစ်ခင် ကြိုတင်ပြင်ဆင်ခြင်း။ 

・မိုးသည်းထန်ခြင်းကြောင့် မြစ်ရေလျှံ၊ ရေကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။ တိုင်ဖုန်းမုန်တိုင်းမတိုင်မီတစ်

ရက်အလိုတွင် စျေး၀ယ်ထားကြပါစို့။ သောက်ရေသန့်နှင့် ချက်ပြုတ်ရန်မလိုဘဲအဆင်သင့်စားသုံးနိုင်သော

ပေါင်မုန်၊ ခေါက်ဆွဲဘူး၊ အရေးပေါ်ဆေး၀ါးနှင့် လျှပ်စစ်မီးပျက်ရင်အသုံးပြုရန်အတွက် လျှပ်စစ်ဓါတ်မီးနှင့်

ဓါတ်ခဲစသည်တို့ကို ကြိုတင်ပြင်ဆင်ထားကြပါစို့။

・ကယ်ဆယ်ရေးဌာနနှင့် ကယ်ဆယ်ရေးလမ်းကြောင်းများကို နေ့စဥ် ကြည့်ရှု့စစ်ဆေးပါ။

မည်သည့်အရေးပေါ်အခြေအနေတွင်မဆို ထွက်ခွါနိုင်အောင် အရေးပေါ်ကျော်ဘိုးအိတ်ကို အဆင်သင့်ပြင်

ထားပါ။

※နိုင်ငံကူးလက်မှတ်စာအုပ်နှင့် နေထိုင်ခွင့်ကဒ်ပြားများကိုလည်း တစ်ပါတည်းယူဆောင်သွားရန် မမေ့ပါ

နှင့်။

2.သတင်းအချက်အလက်များကို ကြည့်ရှု့ခြင်း။

မိုးလေ၀သခန့်မှန်းချက်(တိုင်ဖုန်းမုန်တိုင်းနှင့် မိုးကြီး) နှင့်ပတ်သက်၍ ရေဒီယို၊ တီဗွီ၊ အင်တာနက်စသည့်

တို့မှ သတင်းများကို ထောက်လှမ်းကြည့်ရှု့ထားကြပါစို့။

・မြို့နယ်ရုံးများ၏လမ်းညွန်ချက်၊ သတိပေးချက်နှင့် အသိပေးစာများကိုလည်း ကြည့်ရှု့စစ်ဆေးပါ။

  1. အိမ်ရေလွှမ်းခြင်းမှကာကွယ်ရန်အတွက် လုပ်ဆောင်ကြပါစို့။

・အိမ်ပတ်၀န်းကျင်ကို စစ်ဆေး၍ လေကြမ်းကြောင့်လွင့်ပါသွားနိုင်သော အရာများကို အိမ်တွင်းသို့ယူ

သွင်း၍ သေချာစွာသိမ်းဆည်းထားပါ။

・တံခါးနှင့် ပြတင်းပေါက်များကြားတွင် ပလတ်စတစ်တိပ်ကိုကပ်ပါ။ မိုးကာတံခါးများကိုလည်း ပိတ်ပါ။

ရေလွှမ်းမှုကိုကာကွယ်ရန်အတွက် အိမ်သုံးပစ္စည်းများကို တတ်နိုင်သလောက် မြင့်သောနေရာသို့ ပြောင်း

ရွှေ့ပါ။ ဂတ်စ်ပိုက်လိုင်းခလုတ်များကိုလည်း ပိတ်ထားပါ။

  1. အရေးပေါ်ဘေးရှောင်ရန်အတွက်ထွက်ခွါသောအခါတွင် လမ်းလျှောက်နည်း။

・အရေးပေါ်ထွက်ခွါသောအခါတွင်တတ်နိုင်သလောက်ရေမလွှမ်းသောနေရာများမှလျှောက်၍သွားပါ။ သွားစဥ်အတွင်း အန္တရာယ်ရှိသည်ဟု ခံစားရလျှင် နှစ်ထပ်နှင့်အထက် မြင့်သောနီးစပ်ရာ အဆောက်အအုံ၊ နေရာများတွင် ခိုလှုံ၍နေပါ။

・ရေလွှမ်းနေသောအခါမျိုးတွင်လမ်းတွင်ရှိသောရေ‌ေမြာင်းအဖုံးနှင့်လမ်းဘေးမြောင်းများအတွင်းသို့ ပြုတ်ကျနိုင်သည့်အန္တရာယ်ရှိခြင်းကြောင့်ခြေလှမ်းမလှမ်းခင်နေရာကိုထီး၊တုတ်တံတို့ဖြင့်ထောက်၍ စစ်ဆေးကာ လျှောက်ပါ။

・မြစ်ရေတက်နေသောအခါမျိုးတွင် မြစ်ရေစီးသန်လာပြီး၊ တံတားများပျက်စီးမျောပါနိုင်ကာ အလွန်အ

အမင်းအန္တရယ်များသည့်အတွက် လုံး၀အနားသို့မကပ်မိပါစေနှင့်။

ရေလွှမ်းသောအခါမျိုးတွင် မလိုအပ်ဘဲအပြင်သို့မထွက်ပါနှင့်။ အပြင်တွင်‌ရောက်ရှိနေသောအခါမျိုးတွင်

လည်း အိမ်သို့လျှင်မြန်စွာပြန်ပါ။

အကယ်၍အိမ်ကြမ်းပြင်အထိရေလွှမ်းကာအရေးပေါ်ဘေးရှောင်ရန်အချိန်မမှီသောအခါမျိုးတွင် အိမ်ရှိ မြင့်မားသောနေရာ(၂ထပ်၊အိမ်ခေါင်မိုး)များသို့ပြောင်းရွေ့ခိုလှုံပါ။ထိုအခြေအနေမျိုးတွင်အရေးပေါ်ဘေးရှောင်ရန်ထွက်ခွါခြင်းလုံး၀မပြုလုပ်ပါနှင့်။အိမ်အပြင်ဘက်တွင်မြစ်ရေကဲ့သို့ ရေစီးသန်ပြီး သင့်ခန္ဓာကိုယ် မျောပါသွားနိုင်သည်အထိ အန္တရာယ်လည်းရှိနိုင်ပါသည်။