会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

တံဆိပ်တုံး

13.01.2020

တံဆိပ်တုံး

 

ဂျပန်နိုင်ငံမှာ ကား၊ အိမ်၀ယ်ယူရာတွင်ဖြစ်စေ၊ ဘဏ်စာအုပ်ပြုလုပ်ရာတွင်ဖြစ်စေ၊ စာရွက်စာ တမ်းများထုတ်ပေးရာတွင် မိမိကိုယ်ပိုင် တံဆိပ်တုံးကို အသုံးပြုကြပါ တယ်။ ဂျပန်နိုင်ငံတွင် လက်မှတ်ထိုးခြင်းအစား မိမိကိုယ်ပိုင်တံဆိပ်တုံးကို အသုံးပြုကြပါတယ်။ တံဆိပ်တုံးတွင် နေ့စဥ်သုံး တံဆိပ်တုံး(Mitomein)နှင့် အရေးကြီးသောစာရွက်စာတမ်းများတွင် အသုံးပြုသောတံဆိပ်တုံး (Jitsuin)ဟူ၍ နှစ်မျိုးရှိပါတယ်။ ဂျပန်လူမျိုးများဟာ တံဆိပ်နှိပ်ရန် မင်နီပြားများကို ခဏခဏအ သုံးပြုနေရသည်ကို အလုပ်ရှုပ်လွန်းလှသည်ဟု ယူဆသောကြောင့် မင်နီပြားများကို အသုံးမပြု တော့ဘဲ (シャチハタ)ဟုခေါ်သော အလိုအလျောက် မင်ရည်ဆွတ် ပေးသော တံဆိပ်တုံးကို အသုံးပြုကြပါတယ်။ ထိုတံဆိပ်တုံးအမျိုးအစားကို (Jitsuin)တံဆိပ်တုံး အနေဖြင့် အသုံးပြုလို့ မရနိုင်ပါ။ (Jitsuin)တံဆိပ်တုံးကို အများနှင့်ဆိုင်သောအရေးကြီးစာရွက်စာ တမ်းများတွင်သာ အသုံးပြုပါတယ်။  (Jitsuin)ကို အတုအပဖန်တီး၍မရအောင် ပြုလုပ်ထားရန်လည်းလို အပ်ပါ တယ်။ အများအားဖြင့် တံဆိပ်တုံးရှိ စာလုံးများကို ဖတ်လို့မရနိုင်အောင် ရေးထားလေ့ ရှိပါတယ်။ ဂျပန်လူမျိုးများလည်း ထိုစာလုံးများကိုဖတ်မတတ်ပါ။ နောက်ပိုင်းတွင် ဒီဇိုင်းအမျိုးမျိုး ပေါ်ပေါက် လာပြီး  ကြောင်ရုပ်များကိုပါ တည့်သွင်းထားခြင်းများရှိလာပါတယ်။ (အချို့သော ဒီဇိုင်း များကို(Jitsuin) တံဆိပ်တုံးအနေဖြင့် အသုံးပြု၍ မရနိုင်ပါ။) ဒီဇိုင်းအမျိုးအစားများမှာလည်း စုံလင်လှပါတယ်။ မိမိကိုယ်ပိုင်တံဆိပ် တုံးကို ပြုလုပ်ရန်အတွက် ပိုက်ဆံ အနည်းငယ်ကုန်ကျ နိုင်မည်ဖြစ်သော်လည်း စိတ်ပါ၀င်စားမှုရှိရင် အခြားသော ဒီဇိုင်းသစ် တံဆိပ်တုံးကို ပြုလုပ်ကြည့် နိုင်ပါတယ်။