会員申込

ログイン

လုံခြုံစိတ်ချလူမှုဘဝ

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါး အပူရှပ်ဖျားနာခြင်းကိုကာကွယ်ရန်

15.01.2020

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါး

အပူရှပ်ဖျားနာခြင်းကိုကာကွယ်ရန်

 

အပူရှပ်ခြင်းသည် ပူ‌လောင်သောနေ့ရက်များတွင် ဖြစ်လွယ်ပါသည်။ မည်သည်အချိန်တွင်မဆို ဖြစ်နိုင်ချေ

ရှိပါသည်။ ပူလောသောနေရာဒေသများရှိလူများ၊ နာမကျန်းဖြစ်နေသူများ၊ သက်ကြီးရွယ်အိုများ၊ ရေ

သောက်သုံးပုံကြောင့်လည်း အပူရှပ်ဖျားနာခြင်း ဖြစ်နိုင်ချေရှိပါသည်။ အပူရှပ်ဖျားနာခြင်းသည် လျှင်မြန်

စွာရောဂါအခြေအနေဆိုးရွာလာနိုင်ပြီး ကိုယ်ခန္ဓာဖြစ်စဥ်ပြောင်းလဲမြန်ဆန်ကာ သေဆုံးသည်အထိဖြစ်ပွါးနို င်ပါသည်။ အပူရှပ်ခြင်းနှင့်ပတ်သက်၍ အခြေခံဗဟုသုတများကို သိရှိနားလည်ထားပါ။ 

 

1.ရေဓါတ်၊ ဆားဓါတ်၊ သကြားဓါတ်များကို ဖြည့်တင်းထားပါ

・ရာသီဥတုပူလာလျှင် အပူရှပ်ခြင်းကိုကာကွယ်ရန် ရေကို စနစ်တကျ ဖြည့်တင်းသောက်သုံးထားကြပါစို့။

နေ့စဥ် ရေကို ၁လီတာမှ ၂လီတာ အထိ ဖြည့်တင်းသောက်သုံးသင့်သည်ကို မှတ်သားထားကြပါစို့။

・ချွေးထွက်များလေ ရေဓါတ်ဆုံးရှုံးမှုများလေ ဖြစ်သည်။ နောက်ပြီး ချွေးမထွက်သော်လည်း ခန္ဓာကိုယ်မှ

ရေဓါတ်များ ကုန်ခမ်းနိုင်ပါသည်။ ထို့အပြင် ချွေးထွက်လျှင် ရေမျှသာမဟုတ်ဘဲ ၊ ဆား၊ သကြားလုံး

နှင့် ကျန်းမာရေးအချိုရည်များကို သောက်သုံးခြင်းဖြင့် ပြန်လည်ဖြည့်တင်းခြင်းပြုလုပ်ရမည်ကို သိရှိနား

လည်ထားပါ။ ဂျုံလဖက်ရည်ကြမ်းများကိုလည်း သောက်သုံးနိုင်ပါသည်။

 

  1. နေအိမ်အပြင်ဘက်တွင်ရှိနေချိန်များတွင်

・အပြင်ထွက်ခွါသောအခါတွင် တတ်နိုင်သလောက် အရိပ်ရသောနေရာများမှနေ၍ လမ်းလျှောက်ပါ။ အပူ

ကာထီးနှင့် ဦးထုပ်များကို ဆောင်း၍ နေပူဒဏ်ကို ကာကွယ်ကြပါ။

・လေပူနှင့် ချွေးများကို မပိတ်လှောင်စေသော အ၀တ်အစားများကို ရွေးချယ်ပါ။

အမဲရောင်အ၀တ်အစားများသည် နေ၏ အပူကို စုတ်ယူနိုင်သည့်အတွက် ပူလောင်သောနေ့ရက်မျိုးတွင်

ထိုကဲ့သို့သော အ၀တ်အစားများ၀တ်ဆင်ခြင်းကို ရှောင်ရှားပါ။

 

  1. နေအိမ်ထဲတွင် ရှိနေချိန်များတွင်

(အဲယားကွန်းရှိလျှင််)

・အခန်းအပူချိန်ကို ( ၂၈ ) ဒီဂရီမကျော်ပါစေနှင့်။ အဲယားကွန်းကိုအသုံးပြုပါ။ သို့သော်လည်း ခန္ဓာကိုယ်ကို

အရမ်းအေးစက်အောင် မပြုလုပ်မိစေရန် သတိပြုပါ။

・လျှပ်စစ်ပန်ကာများကိုလည်း အသုံးပြုနိုင်ပါသည်။

 

(အဲယားကွန်း မရှိလျှင်)

・နေရောင်ခြည် တိုက်ရိုက်ထိရောက်မှုကို ကာကွယ်ရန်အတွက် ၀ါး၊ ကောက်ရိုးဖြင့်ပြုလုပ်ထားသောအ

ပိုင်း၊ နေရောင်ခြည်ကာလိုက်ကာပိုင်းများ၊ အစိမ်း‌ရောင်အပိုင်းများဖြင့်  ပြတင်းပေါက်ဖွင့်၍ တပ်ဆင်ကာ

လေ၀င်လေထွက်ကောင်းစေရန် ပြုလုပ်ပါ။

 

  1. အပူပိုင်းဒေသများတွင် ညဘက်အချိန်များ သက်တောင့်သက်သာစွာကုန်ဆုံးစေနည်း

・အိပ်စက်ချိန်များတွင် အချိန်မရွေး ရေဓါတ်ကိုဖြည့်တင်းနိုင်စေရန် အိပ်ယာနံဘေးနားတွင် ရေကို အမြဲအ

သင့်ပြင်ထားပါ။

・ညဘက်အချိန်များတွင် အပူဒဏ်ကိုသည်းခံမနေဘဲ အဲယာကွန်းကို အသုံးပြုပါ။ လက်ရှိကျန်းမာရေး

အခြေအနေသည်အဲယားကွန်ကြောင့်ပိုမိုဆိုးရွားနိုင်သူများသည်အခန်းအပူချိန်ကို လွန်ကဲစွာမလျှော့ချပါနှင့်။ ထို့ပြင် အဲယားကွန်းမှ လေအေးများကို တိုက်ရိုက်ထိတွေ့မှုမရှိအောင် နေပါ။အပူရှပ်ရောဂါမဖြစ်ပွါးစေရန် နေ့စဥ်ရေဓါတ်ကိုဖြည့်တင်းသောက်သုံးခြင်းအလေ့အထကိုပြုလုပ်ပြီးဂျပန်နွေရာသီကိုသာယာစွာဖြတ် သန်းပါ။