会員申込

ログイン

လုံခြုံစိတ်ချလူမှုဘဝ

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါး၊ ရဲစခန်းဖုန်းနံပါတ်110(ယာဥ်မတော်တဆနှင့် ရာဇ၀တ်မှု)

16.01.2020

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါး၊

ရဲစခန်းဖုန်းနံပါတ်110(ယာဥ်မတော်တဆနှင့် ရာဇ၀တ်မှု)

 

110ဖုန်းနံပါတ်ဟာယာဥ်မတော်တဆမှု၊ခါးပိုက်နှိုက်အခိုးခံရခြင်းနှင့် လိမ်လည်ခံရခြင်းများဖြစ် ပေါ်တဲ့အခါ ဆက်သွယ်ရတဲ့ အရေးပေါ်ဖုန်းနံပါတ်ဖြစ်ပါတယ်။

110နံပါတ်ကိုဆက်သွယ်လို့ရှိရင်ယာဥ်မတော်တဆမှုလားရာဇ၀တ်မှုလားဆိုတာကိုအရင်ဆုံးမေးပါလိမ့်မယ်။နောက်ပြီးအမည်နှင့်ဖုန်းနံပါတ်ကိုဆက်လက်မေးမြန်းပါလိမ့်မယ်ဒဏ်ရာရသူရှိတဲ့အခါ110ကိုဆက်လိုက်တာနဲ့ ရဲစခန်း လူနာတင်ယာဥ်ကို ခေါ်ပေးပါတယ်။

မတော်တဆဖြစ်ပွါးချိန်ရဲစခန်းသို့ဆက်သွယ်အကြောင်းကြားပြီးတာနဲ့ ရဲရောက်လာသည်အထိထိုနေရာမှမခွါဘဲစောင့်ဆိုင်းပါ(ဒဏ်ရာအနာတရဖြစ်နေချိန်မှလွဲပြီး)။

  မတော်တဆဖြစ်ပွါးရာနေရာတွင် တဖက်လူဆီနောက်ထပ်ဆက်သွယ်နိုင်ရန် အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုတောင်းယူထားပါ။  

・အာမခံကုမ္ပဏီကို မတော်တဆမှုဖြစ်ပွါးကြောင်းအသိပေး၍ ဖြေရှင်းခိုင်းပါ။                                   

・ရာဇ၀တ်မှုမြောက်တဲ့ အလစ်သုတ်ခိုးယူခြင်း၊ ဖောက်ထွင်းခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် အကြမ်းဖက်အဖွဲအစည်းများကြောင့်ထိခိုက်နစ်နာခြင်းတို့ဖြစ်ပေါ်တဲ့အခါရဲစခန်းကို ဆက်သွယ်ပါ။

အရေးပေါ်ဖုန်းနံပါတ်ဖြစ်တဲ့အတွက် အရေးပေါ်မဟုတ်တဲ့ ဆက်သွယ်မေးမြန်းခြင်းစတဲ့ကိစ္စရပ်များအတွက် ဆက်သွယ်ခြင်းမပြုလုပ်ရပါ။

110ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရနိုင်တဲ့ဖုန်းလိုင်းအမျိုးအစားကတော့ ကြိုးဖုန်း၊ အများသုံးဖုန်း၊ လက်ကိုင်ဖုန်း၊ နှင့် PHSဖုန်းအားလုံး ဖြစ်ပါတယ်။ IP ဖုန်းကတော့ ဆက်သွယ်လို့မရနိုင်ပါ။

ကြိုးဖုန်းနဲ့ အများသုံးဖုန်းများဖြင့် ဆက်သွယ်ရင် တဖက်ဖုန်းဖြေကြားသူဖက်မှ နယ်မြေဒေသကို အလိုအလျာက်သိရှိနိုင်မှာဖြစ်ပါတယ်။