会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ဂျပန်နှစ်သစ်ကူးဟင်းလျာ(Osechi)

16.01.2020

ဂျပန်နှစ်သစ်ကူးဟင်းလျာ(Osechi)

 

ဂျပန်နှစ်သစ်ကူးတွင် အထိမ်းအမှတ်အနေဖြင့်နစ်သစ်ကူးဟင်းလျာများကို ချက်ပြုတ်စားသောက် လေ့ရှိကြပါတယ်။ သာမာန်အားဖြင့် အိမ်တွင်ချက်ပြုကြသော်လည်း အခုနောက်ပိုင်းတွင် ဆိုင်တွင် ၀ယ်ယူစားသောက်သူများပြားလာပါတယ်။

အဓိပ္ပယ်ပါရှိသော နှစ်သက်ကူးဟင်းလျာထဲမှ ဟင်းမယ်များ

 

-မဲအောင် နေလောင်ခံထားသော ပဲမဲများ၏ အဓိပ္ပယ်မှာ တည်ကြည်လေးနက်စွာအလုပ်လုပ်နိုင်စေရန် တောင်းဆုပြုခြင်းကို ကိုယ်စားပြုပါတယ်။

 (ဂျပန်လို ပဲmame=majimeတည်ကြည်လေးနက်ခြင်း ဟူသောအဓိပ္ပယ်ရပါတယ်။ တခြားသော အဓိပ္ပါယ်ကောက်ခြင်းများလည်းရှိနိုင်ပါတယ်။)

-ဂျပန်ကြက်ဥလိပ်(ဒတဲမကိ)ဟာ ရှေးခေတ်ဂျပန်ပရပိုက်စာလိပ်နှင့်ဆင်တူသည့်အတွက် အသိပညာဗဟုသုတများ တိုးပွါးလာစေရန်အလို့ငှာ တောင်းဆုပြုခြင်းကို ကိုယ်စားပြုပါတယ်။

-ငါးနီအကင်(Tainosugatayaki)ဟာ ဂျပန်လိုအသံထွက်ဆက်စပ်မှုအရ ဂုဏ်ပြုသည်ဟုအဓိပ္ပယ်ရပါတယ်။ နှစ်သက်ကူးအတွက် လိုက်ဖက်တဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။

အခြားသော နှစ်သက်ကူးဟင်းလျာများထဲမှလည်း ဟင်းအမယ်အမျိုးမျိုးတွင် အဓိပ္ပယ်အမျိုးမျိုးပါရှိနိုင်တာမို့လို့ မိမိကိုယ်တိုင်လည်း ရှာဖွေကြည့်နိုင်ပါတယ်နော်။