会員申込

ログイン

လုံခြုံစိတ်ချလူမှုဘဝ

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါး၊ မီးသတ်ဌာနဖုန်းနံပါတ်119(အရေးပေါ်၊ မီးလောင်မှု) 

17.01.2020

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါး၊

မီးသတ်ဌာနဖုန်းနံပါတ်119(အရေးပေါ်၊ မီးလောင်မှု) 

 

119 ဖုန်းနံပါတ်ဟာ အနာရောဂါစသည့်တို့ကြောင့် အရေးပေါ်ကားလိုအပ်နေချိန်တွင်ခေါ်ဆိုင်နိုင်သော အရေးပေါ်ဖုန်းဖြစ်ပါတယ်။ မီးသတ်ဌာနနှင့် အဆက်အသွယ်ရပါလိမ့်မယ်။

119ဖုန်းနံပါတ်ကို ဆက်သွယ်တာနဲ့ မီးလောင်မှုလား အရေးပေါ်လားဆိုတာကိုမေးပါလိမ့်မယ်။ မီးလောင်မှုလား အရေးပေါ်လားဆိုတာကို အရင်ဦးစွာဖြေကြားပါ။ နောက်ပြီး နေရာနှင့် အနီးစပ်ဆုံးအဆောက်အဦးအမည်၊ ဆက်သွယ်သူရဲ့ ဖုန်းနံပါတ်ကို မေးပါလိမ့်မယ်။ စိတ်အေးအေးထားပြီး အသံရှင်းလင်းစွာဖြင့် ပြန်လည်ဖြေကြားပေးပါ။

မီးလောင်တဲ့အခါမျိုးတွင် အသံကျယ်စွာဖြင့်  “kaji da!” “မီးလောင်နေပါတယ်”လို့ အိမ်နီးနားချင်းများကို အသိပေးပါ။ မီးဘေးအန္တရာယ်မကျရောက်စေဖို့ အောက်ပါအတိုင်း ဆောင်ရွက်ကြရအောင်။

・မီးပလပ်ပေါက်တစ်ခုတည်းတွင် ၀ိုင်ယာမီးကြိုးအများအပြားချိတ်ဆက်ပြီးအသုံးမပြုပါနှင့်

・ဂစ်စ်မီးကိုငြိမ်းသတ်ပြီးမှ ဂစ်စ်မီးဖိုအနားကထွက်ခွါပါ။

・ဆေးလိပ်မီးငြိမ်းသတ်ရာတွင် မီးအစအနမကျန်အောင်ငြိမ်းသတ်ပါ။

・အပူပေးစက်ကို မီးလောင်လွယ်ကူစေတဲ့ ပစ္စည်းအနားမထားပါနှင့်။

အရေးပေါ် ဖုန်းနံပါတ်ဖြစ်တဲ့အတွက် အရေးပေါ်မဟုတ်တဲ့ဆွေးနွေးခြင်းကိစ္စရပ်များအတွက် ထိုဖုန်းနံပါတ်ကိုဆက်သွယ်ခြင်းများမပြုလုပ်ရ။ အရေးပေါ်ကားလည်း အသေးစားဒဏ်ရာများအတွက် အသုံးပြု၍မရပါ။110ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရနိုင်တဲ့ဖုန်းလိုင်းအမျိုးအစားကတော့ ကြိုးဖုန်း၊ အများသုံးဖုန်း၊ လက်ကိုင်ဖုန်း၊ နှင့် PHSဖုန်းအားလုံး ဖြစ်ပါတယ်။ IP ဖုန်းကတော့ ဆက်သွယ်လို့မရနိုင်ပါ။

ကြိုးဖုန်းနဲ့ အများသုံးဖုန်းများဖြင့် ဆက်သွယ်ရင် တဖက်ဖုန်းဖြေကြားသူဖက်မှ နယ်မြေဒေသကို အလိုအလျာက်သိရှိနိုင်မှာဖြစ်ပါတယ်။