会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ဥတုကူးပြောင်းကာလ

17.01.2020

ဥတုကူးပြောင်းကာလ

 

ရာသီဥတုကူးပြောင်းကာလဖြစ်တဲ့ ဖေဖ၀ါရီလ ၃ရက်နေ့တွင်အားလုံး ကျန်းမာပျော်ရွင်စွာ ဖြတ်သန်းနိုင်ပါစေဟူသောအဓိပ္ပယ်ဖြင့် မကောင်းဆိုး၀ါးများကိုဘီလူးအရုပ်ပုံစံလေးများ နှင့်အတူနှင်ထုတ်လေ့ရှိပါတယ်။ အဲဒီနေ့မှာဘီလူးကအပြင်ဘက်ဟုဆိုကာ ပဲစေ့ဖြင့် အပြင်သို့ပစ်ပေါက်နှင်ထုတ်ကြပါတယ်။ နောက်ပြီး ကံကောင်းခြင်းများရောက်ရှိလာစေရန်အတွက်ကံကောင်းခြင်းများက ငါတို့ဘက်ဟုဆိုကာ ပဲစေ့များကို အိမ်တွင်းသို့ပစ်သွင်းကြပါတယ်။ တခြားအရာတွေကတော့ ဟိအိရဂိ ဟုခေါ်တဲ့ အဆူးရွက်များဖြင့်အလှဆင်တာတွေပြုလုပ်ကြ ပါတယ်။ အကြောင်းမှာသစ်ရွက်တွင်အဆူးများရှိသည့်အတွက်ကြောင့် ဘီလူးလာ၍မရနိုင်ဟု ယူဆတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် တခြားပြုလုပ်လေ့ရှိတဲ့အရာများကတော့ အိ၀ရှိလို့ခေါ်တဲ့ ငါးများကို ချက်ပြုတ်စားသုံးတာတွေပဲဖြစ်ပါတယ်။ အကြောင်းမှာ ထိုငါးကင်ရာမှ ထွက်လာသောအနံကို ဘီလူးက မခံနိုင်ဘဲ ထွက်ပြေး လိမ့်မည်ဟု ယူဆလို့ပဲဖြစ်ပါတယ်။ နောက်ဆုံးအနေဖြင့် စားသုံးတာကတော့အဲ့ဟိုးမကိ  ဆူရှီလိပ်ကို ပဲဖြစ်ပါတယ်။ အဲ့ဟိုးမကိ ကိုစားတဲ့အခါမှာ အဲဒီနှစ်ရဲ့ ကံကောင်း စေသောအရပ်ကို မျက်နှမူပြီး ကံကောင်းခြင်းများ ထွက်မပြေးစေရန်အတွက် စကားမပြောဘဲစား သုံးကြပါတယ်။ ရာသီအလိုက်အစားအ သောက်များကို စူပါမားကက် နှင့်ကွန်ဗီနီ စတိုးများတွင်   လည်း ရောင်းချပေးလျက်ရှိပါတယ်။ မိတ်ဆွေတို့လည်း ၀ယ်ယူစားသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါ တယ်။ ၂၀၂၀နှစ်ရဲ့ ကံကောင်းတဲ့အ ရပ်ကတော့ အနောက်ဘက်အရပ်ပဲဖြစ်ပါတယ်။