会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ရုံးတက်၊ ရုံးဆင်းနှင့်အပြင်ထွက်ချိန်တွင်လိုက်နာရမည့်အချက်များ

13.05.2020

ရုံးတက်၊ ရုံးဆင်းနှင့်အပြင်ထွက်ချိန်တွင်လိုက်နာရမည့်အချက်များ

 

・ ရုံးတက်ချိန်တွင်လိုက်နာရန်အချက်များ – အလုပ်နောက်မကျပါစေနှင့်။ ကုမ္ပဏီ(အလုပ်)စဖွင့်ဖြစ်သည် နှင့်တပြိုင်နက် အဆင်သင့်အလုပ်လုပ်နိုင်အောင် ပြင်ဆင်ထားပါ။ 

・ အလုပ်စားပွဲမှယာယီထွက်ခွါချိန်တွင်လိုက်နာရန်အချက်များ – ရုံးကိစ္စဖြင့် ပြင်ပသို့ ထွက်ခွာချိန်တွင် သွားမည့်နေရာ၊ ကြာချိန် တို့ကို အရာရှိ၊ လုပ်ဖော်ကိုင်ဖက်များအား အသိပေးပြောကြားရပါမယ်။ အပြင်ခဏထွက်ခွါချိန်မှာလည်း စာရွက်စာတမ်းများ၊ မှတ်စုစာအုပ်များကိုပိတ်၍ ထိုင်ခုံကို စားပွဲ အောက်တွင် သိမ်းပြီးမှ ထွက်ခွါပါ။ 

・အလုပ်ဆင်းချိန်တွင်လိုက်နာရန်များ – အလုပ်သုံးပစ္စည်းများကို သတ်မှတ်နေရာတွင် ပြန်လည်သိမ်း ဆည်းကာ Time Cardကို နှိပ်ပြီးမှ အလုပ်ဆင်းရပါမယ်။ အလုပ်ပြန်ချိန်မှာ 「otsukaresama deshita.」「osaki ni shitsureishimasu.」ဟု နှုတ်ဆက်ပြီးမှပြန်ရန် မမေ့ပါနှင့်။