会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

မစားသောက်မီ”itadakimasu”နှင့်စားသောက်ပြီးချိန်”gochisousama deshita” ပြောဆိုခြင်း

02.06.2020

မစားသောက်မီ”itadakimasu”နှင့်စားသောက်ပြီးချိန်”gochisousama deshita” ပြောဆိုခြင်း

 

အစားအသောက်စားရာတွင် စတင်မစားမီ “itadakimasu” ဟုပြောပြီး စားသောက်၍ပြီး

ဆုံးတဲ့အခါ “gochisousama deshita” ဟု အရသာရှိကြောင်း ကျေးဇူးသိစိတ်ဖြင့်ပြောကြား ပါ။

ဂျပန်လူမျိုးများသည် အစားမစားမီ လက် အုပ်ချီ၍ “itadakimasu”၊ စားသောက်ပြီးတဲ့အခါ “gochisousamadeshita”စတဲ့စကားလုံးကိုရွတ်ဆိုကာ သား၊ငါး၊ကြက်ဥ၊အသီးအနှံဟင်းသီး ဟင်းရွက်စသည်စားသောက်ကုန်များ၏ရှင်သန်တည်ရှိမှု၊စိုက်ပျိုးထုတ်လုပ်သူများနှင့်အစားအသောက်ချက်ပြုတ်သူများကိုလေးစားသမှုဖြင့်ကျေးဇူးတင်ရှိကြောင်းကိုဖော်ပြလေ့ရှိကြပါသည်။ 

မိတ်ဆွေတို့လည်း“itadakimasu”၊“gochisousamadeshita”ဆိုတဲ့စကားလုံးကိုအစားအ သောက်နှင့်သက်ဆိုင်သောသူများကိုကျေးဇူးသိစိတ်ဖြင့်သုံးနှုန်းပြောဆိုကြည့်ကြရအောင်နော်။