会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ကိုယ်ဟန်အနေအထားနှင့် အပြုအမှု

15.01.2020

ကိုယ်ဟန်အနေအထားနှင့် အပြုအမှု

 

ရပ်ပုံရပ်နည်း : နောက်ကျောကို ဆန့်ပြီး မတ်မတ်ရပ်ပါ။ မေးမစိုက်၊ ရင်ကော့ပြီး ဗိုက်မထွက်ပါစေနှင့်။ ပုခုံးကိုတောင့်တင်းမနေစေဘဲ ပခုံးဘယ်ညာအနိမ့်အမြင့်ကို တပြေးညီထားပါ။ 

အမျိုးသား – လက်ချောင်းများကို ဖြောင့်ထားပါ။

အမျိုးသမီး – ဘယ်ဖက်လက်ကို အပေါ်တွင်ထား၍ လက်နှစ်ဖက်ကို ယှက်ထားပါ။ (ညာဖက်လက်အားဘယ်ဖက်လက်အောက်မှာထားခြင်းဟာ“တစ်ဖက်လူအားတစ်စုံတရာထိခိုက်အောင်မပြုလုပ်ပါ” ဟူ၍အဓိပ္ပါယ် ရပါတယ်။) 

ခြေထောက်ကို ၃၀ဒီဂရီ~၆၀ဒီဂရီ ခွဲထားပါ။ 

・လမ်းလျှောက်နည်း : နောက်ကျောကိုမတ်မတ်ထားပါ။ မေးအရမ်းမစိုက်စေဘဲ ဒူးဆန့်လျှောက်ပါ။ ပုခုံးကိုယိမ်း၍ မလျှောက်ပါနှင့်။ အသံထွက်အောင် ခြေလျှပ်တိုက်လျှောက်ခြင်းမှ ရှောင်ကြဉ်ပါ။ ခန္ဓာကိုယ်ဦးတည်ရာကိုလိုက်ပြီး ဟန်ချက်ညီညီလျှောက်ပါ။

・ထိုင်ပုံထိုင်နည်း :ထိုင်ခုံကျောမှီတွင် မမှီဘဲ နောက်ကျောကိုမတ်မတ်ထား၍ ထိုင်ပါ‌‌။

အမျိုးသား   : ဒူးကို လက်သီးဆုပ်နှစ်ခု၀င်လို့ရသည့် အနေအထားခန့် ဟထားပြီး လက်ကို‌ပေါင်ပေါ်တွင်တင်ပါ။

အမျိုးသမီး  : ဒူးကိုစေ့၍ လက်ကိုယှက်ကာ ပေါင်ပေါ်တွင်တင်ပါ။