会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အပြုံး

12.01.2020

အပြုံး

 

မိတ်ဆွေတို့အနေဖြင့် အလုပ်လုပ်နေချိန်မှာ  ဘယ်လိုမျက်နှာအနေအထားမျိုးဖြင့် အလုပ်လုပ်နေတယ်ဆိုတာကို ‌ရောသတိထားဖူးကြပါသလား? ချိုသာတဲ့အပြုံးဟာ လုပ်ငန်းခွင်မှာ အခြေခံကျတဲ့ အပြုအမူတစ်ခုဖြစ်တယ်” ကိုရောသိကြပါသလား?

ချိုသာတဲ့အပြုံးဟာ လုပ်ငန်းခွင်တွင် ထားရှိရမည့် အခြေခံကျတဲ့ အပြုအမူတစ်ခု ဖြစ်ပြီး ဧည့်၀တ်ကျေပွန်တဲ့စိတ်ထားကိုလည်း ပြသရာရောက်ပါတယ်။ အပြုံးဖြင့်အလုပ်လုပ်ခြင်းကြောင့် မိမိပတ်၀န်းကျင်ရှိ လူများအား အကောင်းမြင်စေပြီး လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း လူမှုဆက်ဆံရေး ကောင်းမွန်လာနိုင်ပါတယ်။  အမြဲတမ်းပြုံးပျော်ရွှင်လန်းနေသောသူနှင့် အတူတူအလုပ်လုပ်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ပျော်ရွှင်မှုကိုလည်း ခံစားရစေပါတယ်။