会員申込

ログイン

လုံခြုံစိတ်ချလူမှုဘဝ

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါး ဆီးနှင်းအန္တရယ်မှကြိုတင်ကာကွယ်ခြင်း

11.01.2020

အရေးပေါ်အခြေအနေဆိုင်ရာဆောင်းပါး

ဆီးနှင်းအန္တရယ်မှကြိုတင်ကာကွယ်ခြင်း

 

နှစ်စဥ်နှစ်တိုင်း ဆီးနှင်းများကျရောက်လေ့ရှိပါသည်။ နှင်းကျရာသီမရောက်ခင် ကြိုတင်ပြင်ဆင်ထား

ခြင်းဖြင့် ပျက်စီးဆုံးရှုံးမှုနည်းပါးအောင် ပြုလုပ်နိုင်ပါသည်။ ပထမဆုံးအနေဖြင့် မိမိတတ်နိုင်သည့်

အနေအထားမှ စတင်ပြင်ဆင်နိုင်ပါသည်။

 

1.ကြိုတင်စဥ်းစား၍ ပြင်ဆင်ထားခြင်း။

 

・ငလျင်နှင့်မုန်တိုင်းလိုမျိုး ဆီးနှင်းများကြောင့်ဖြစ်ပေါ်လာသောဘေးအန္တရာယ်သည် မကြာသေးသော

နှစ်များမှစ၍ သတင်းတစ်ခုအနေဖြင့် ဖြစ်ပေါ်လျှက်ရှိပါသည်။ ရေဒီယို၊ တီဗွီနှင့် အင်တာနက်များမှ သ

တင်းအချက်အလက်များကို အမြဲနားဆင်နေပါ။

・ဆီးနှင်းထူထပ်မှုကြောင့် နေထိုင်သွားလာမှုအခက်အခဲများကို ကြိုတင်ပြင်ဆင်ရပါမည်။ ရေနှင့်

သောက်စရာ၊ လောင်စာ(ရေနံဆီ)စသည်တို့ကို  အဆင်သင့်ပြင်ထားပါ။ တစ်ခါသုံး အနွေးဓါတ်ပေး

ကပ်ခွါ၊ ဓါတ်ခဲအပို၊ လျှပ်စစ်ဓါတ်မီး၊ လက်ဆွဲမီးစက်၊ အသေးစားဂတ်စ်မီးဖို၊ အိတ်ဆောင်ရေဒီယို

စသည်တို့ကို ပြင်ဆင်ထားပါ။

ဂေါ်ပြားစသည့် နှင်းဖယ်ရှားကိရိယာများသည် နှင်းကျရာသီများတွင် ပစ္စည်းပြတ်တောက်သည်

အထိ ရောင်းရလေ့ရှိပါသည်။ စောလျှင်စွာ ၀ယ်ယူထားပါ။ နှင်းကျချိန်မတိုင်မီ စစ်ဆေး၍ ထိန်းသိမ်း

ထားပါ။ နှင်းအများကြီးကော်ယူမည်ဆိုပါက ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော ဂေါ်ပြားကြီးများကို

၀ယ်ယူခြင်းကပိုမိုသင့်တော်မည်ဟု ထင်ပါသည်။လေးလံ၍ အေးခဲနေသောနှင်းများကို ပလတ်စတစ်

ဂေါ်ပြားဖြင့်ကော်ယူပါက ကြိုးပဲ့နိုင်သဖြင့် သတ္တုဖြင့်ပြုလုပ်ထားသောဂေါ်ပြားကိုအသုံးပြုပါ။

အေးခဲသောနေရာများတွင် အဖျားချွန်ဂေါ်ပြားများကိုအသုံးပါလျှင် နှင်းခဲများကို ခွဲထုတ်ရန်လွယ်ကူ

စေပါသည်။

 

2.ရေပူရေနွေးစက် အေးခဲခြင်းမှကာကွယ်ရန် လုပ်ဆောင်ချက်

အေးခဲလာသည်နှင့်အမျှ ရေပူရေနွေးစက်ပျက်စီးခြင်းများရှိလာနိုင်ပါသည်။ ဆောင်းရာသီတွင် ရေ

နွေးသုံးလို့မရခြင်းမျိုးမဖြစ်ရအောင် ကြိုတင်၍ လုပ်ဆောင်ထားပါ။

ရေပူရေနွေးစက်တွင် အေးခဲမှုကိုကာကွယ်ရန်လုပ်ဆောင်ချက်ပါရှိသည့်အတွက် လျှပ်စစ်မီးပလပ်

ခေါင်းကို မဖြုတ်မိပါစေနှင့်။

ရေပူရေနွေးစက်မှ ထွက်နေသောပိုက်များတွင် ပု၀ါ၊ အပူလျှပ်ကာဖော့ပိုက်များ၊ တိပ်စသည့်တို့

ဖြင့် ပတ်ထားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

  1. နှင်းကျနေစဥ် နှင့် နှင်းထူထပ်ချိန် အပြင်ထွက်သောအခါ သတိထားရမည့်အချက်

နှင်းမကျမီနှင် နှင်းကျနေချိန်များတွင်  နှင်းမိုးရွာသွန်းမှု၊ နှင်းမုန်တိုင်း၊ ဆီးနှင်းလေကြမ်းများနှင့် ဆီး

နှင်းထူထပ်မှုသတိပေးချက် စသည့်တို့ကို အသေးစိပ်သိရှိနေစေရန် ပြုလုပ်ထားပါ။  နောက်ဆုံး

သတင်းအချက်အလက်များကို အခြေပြု၍ အပြင်သို့ထွက်ရန်သင့်မသင့်ကို စဥ်းစားချင့်ချိန်ပါ။ အပြင်

ရောက်နေချိန်တွင် နေအိမ်သို့အမြန်ပြန်ပါ။

မလိုအပ်ဘဲ အပြင်သို့မထွက်ပါနှင့်။ မဖြစ်မနေအပြင်ထွက်ရမည့်အခါမျိုးတွင် အောက်ပါအချက်

များကို သတိပြုပါ။

လမ်းပေါ်ရှိအေးခဲနေသောဆီးနှင်းများပေါ်မှ လမ်းမလျှောက်ပါနှင့်။ ရေမြောင်းထဲသို့ မလိမ့်ကျစေရန်သတိပြုပါ။လူအများ၏လမ်းလျှောက်ခြေရာများအတိုင်းလျှောက်သွားဖို့တိုက်တွန်းချင်ပါတယ်။

-မပြေးဘဲ၊ခြေလှမ်းစိပ်စွာလျှောက်ပါ။ခြေဦးနှင့်ခြေဖနောင့်များကိုမြေပြင်ကိုတသားတည်းဖြစ်အောင် လှမ်း၍လျှောက်ပါ။

ထိုအချိန်မျိုးတွင် ပုံမှန်ထက်ပိုမို အချိန်အားလပ်မှုရှိနေပါစေ။

-မချောစေသောခွေးသားစိပ်ပါသည့် ဖိနပ်အရှည်များဖြင့် အပြင်ထွက်ပါ။ လက်အိပ်စွတ်၍ အမြဲတမ်းလက်နှစ်ဖက်စလုံးကို အသုံးပြုနိုင်အောင် ပြုလုပ်ထားပါ။

-အိမ်ခေါင်မိုးအစွန်များအနီးအနားတွင်မနေပါနှင့်။(အိမ်ခေါင်မိုးမှနှင်းခဲများကျလာခြင်းများရှိ နိုင်ပါသည်။)

 

 

4.ဆီးနှင်းများ ဖယ်ရှားရာတွင် သတိပြုရမည့်အချက်များ။

ဆီးနှင်းသဲထန်စွာကျဆင်းမှုကြောင့် မတော်တဆ သေဆုံးခြင်းများဖြစ်လေ့ရှိပါသည်။ အိမ်ခေါင်မိုး

ပေါ်မှ ဆီးနှင်းများကို ဖယ်ရှားနေရင်း မတော်တဆပြုတ်ကျခြင်းများဖြစ်နိုင်ပါသည်။ ဆီးနှင်းများကို

ဖယ်ရှားရာတွင် အောက်ပါအချက်များကို သတိပြုပါ။

・တစ်အိမ်ထဲအတူနေသူ သို့မဟုတ် အိမ်နီးချင်းများကို အသံပြုခေါ်ဆို၍ ၂ဦးနှင့်ထက်ဖြင့် နှင်းများကို

ဖယ်ရှား ဆောင်ရွက်ပါ။

・ဆီးနှင်းများ မရှင်းလင်းမီ ပြတ်တောက်နေသောလျှပ်စစ်မီးကြိုးများတွေရှိလျှင် ထိကိုင်ခြင်းများမ

ပြုလုပ်ပါနှင့်။ လျှပ်စစ်ကုမ္ပဏီသို့ ဆက်သွယ်အကြောင်းကြားပါ။

・ချော်ထွက်ရန်မလွယ်ကူသောဖိနပ်များကို စီး၍ မလိမ့်ကျစေရန် သတိပြုပါ။

・အိမ်ခေါင်မိုး၌ ဆီးနှင်းများဖယ်ရှားခြင်းကို ဆောင်ရွက်ရာတွင် အသက်ကယ်ခါးပတ်များနှင့် မချော

စေရန်ထိန်းပေးသောအရာများကို မှန်ကန်စွာအသုံးချ၍ ဆောင်ရွက်ပါ။

 

မိတ်ဆွေတို့ ဘယ်လိုထင်မြင်ကြပါသလဲ? ငလျင်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်စရာများကို

လေ့လာပြီးသွားပါပြီ။ မိမိလည်း ဘေးအန္တရာယ်ကျရောက်မှုရှိကောင်းရှိနိုင်ပါလိမ့်မည်ဟု

တွေးမိကြတယ်မဟုတ်လား။ နှစ်စဥ်နှစ်တိုင်း မထင်မှတ်ထားသောနေရာများတွင် သဘာ၀

ဘေးအန္တရာယ်အများအပြားဖြစ်ပေါ်လျှက်ရှိပါသည်။ သဘာ၀ဘေးအန္တရာယ်သည် တခြား

လူများနှင့်သာ သက်ဆိုင်သည်မဟုတ်ပါ။ ဘေးအန္တရာယ်မှတဆင့် ကြီးမားသောပျက်စီးဆုံးရှုံး

မှု၊ သေးငယ်သော ပျက်စီးဆုံးရှုံးမှုသည် ကျွန်တော်တို့ တစ်ယောက်ချင်းစီ၏ အသိတရား၊ ကြိုတင်ပြင်ဆင်မှုတို့နှင့် သက်ဆိုင်မှုရှိကြောင်း တင်ပြလိုက်ရပါသည်။