会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

စကားအသုံးအနှုန်း

08.01.2020

စကားအသုံးအနှုန်း

 

လူတစ်ယောက်အားရှု့မြင်ရာတွင်ပထမအရေးကြီးဆုံးမှာအပြင်ပန်းအသွင်အပြင်ဖြစ်ပြီး ဒုတိယမှာ စကားလုံး အသုံးအနှုန်းပင်ဖြစ်ပါတယ်။ထိုဒုတိယအရေးကြီးဆုံးဖြစ်တဲ့ စကားအသုံးအနှုန်းဟာ ထိုသူ၏အရည်အချင်းနှင့် ပညာရေးကိုခန့်မှန်းလို့ရနိုင်တဲ့အတွက် အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့စကားလုံးအသုံးအနှုန်းများကို သုံးနှုန်းပြောဆိုသင့်ပါတယ်။

စကားလုံးအသုံးအနှုန်းဟာ အလွန်အရေးပါပြီး လုပ်ငန်းခွင်အတွင်း မဖြစ်မနေ ဂရုစိုက်ရမည့် အခြေခံအကျဆုံးသော အရာတစ်ခုဖြစ်တယ်။ မသေချာမရေရာတဲ့ စကားလုံးအသုံးအနှုန်းများအသုံးပြုလျှင် အတွေ့အကြုံမရင့်ကျက်တဲ့ ၀န်ထမ်းလို့ ထင်မှတ်ခံရနိုင်ပါတယ်။

တစ်ဖက်လူ၏ ယုံကြည်အားကိုးမှုကို ရရှိစေပြီး ပြောဆိုဆက်ဆံရေးချောမွေ့စေရန်အတွက် မှန်ကန်သော စကားလုံးအသုံးအနှုန်းများကိုလည်း သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ အခြေခံအားဖြင့် customer များ၊ လုပ်ငန်းခွင်မှ အရာရှိများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် စကား ပြောဆို‌ရာတွင်လည်း ယဥ်‌ကျေးသောစကားလုံးများဖြင့် ပြောဆိုရပါမယ်။