会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

တူအသုံးပြုရာတွင် လိုက်နာရမည့်အချက်များ

09.01.2020

တူအသုံးပြုရာတွင် လိုက်နာရမည့်အချက်များ

 

နိုင်ငံအလိုက် တူအသုံးပြုခြင်း၊ ဇွန်းခရင်းအသုံးပြုခြင်းများရှိကြပါတယ်။ ဂျပန်နိုင်ငံတွင် စား

သောက်ရာမှာတူကိုအဓိကသုံးစွဲကြပြီး၊ယခုမိတ်ဆက်ပြောပြပေးမည့်အရာတွေကတော့တူ အသုံးပြုရာမှာ မပြုလုပ်သင့်တာတွေပဲဖြစ်ပါတယ်။

 

・တူဖြင့် ဟင်းခွက်ပန်းကန်များကိုဆွဲယူခြင်း

တူဖြင့်ဟင်းခွက်ပန်းကန်များများကိုမိမိဘက်သို့ဆွဲယူခြင်းဟာလည်းယဥ်ကျေးမှုမရှိရာ

ရောက်ပါတယ်။တူထားရာနေရာတွင်ထားပြီးမှ လက်နှစ်ဖက်ဖြင့်သေချာစွာ ဟင်းခွက်ပန်းကန်

ရွှေ့ယူကြရအောင်။

 

・တူကို လျက်ခြင်း

တူထိပ်ကိုလျက်ခြင်း၊ပါးစပ်ထဲသိုထည့်ခြင်းဟာလည်းမယဥ်ကျေးသောအမှုအရာဖြစ် ပါတယ်။ အတူတူစားသောက်နေသူများကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

 

・တူညှပ်ရာတွင်တစ်ကြိမ်တည်းဖြင့် တစ်မျိုးထက်မကသော စားစရာများကို ညှပ်ယူခြင်း

တူဖြင့်ဟင်းအမျိုးမျိုးကိုတကြိမ်တည်းညှပ်ယူခြင်းဟာ မယဥ်ကျေးတဲ့အမှုအရာပဲဖြစ်ပါ

တယ်။နောက်တစ်ခုကိုယူ၍စားသောက်မည်ဆိုလျှင်ပထမတစ်ခုကိုပြီးဆုံးအောင်စားပြီးမှ နောက်တစ်ခုကို ထပ်ယူကြပါစို့နော်။

 

・စားစရာများကို တူဖြင့်ထိုးသွင်းခြင်း

စားစရာများကို တူဖြင့်ထိုးသွင်းထိုးမြုပ်ထားခြင်းဟာလည်း မယဥ်ကျေးတဲ့အပြုအမှုဖြစ်ပါ

တယ်။ ကလေးဆန်ပြီးတူကို ကျွမ်းကျင်သေချာစွာ အသုံးမပြုတတ်သေးပါဟု ထင်မှတ်ခံရ

နိုင်ပါတယ်။

 

・ထမင်းပေါ်တွင် တူကိုထိုးစိုက်ခြင်း

ထမင်းပေါ်တွင် တူကိုထိုးစိုက်ခြင်းဟာ ဗုဒ္ဓရုပ်ပွါးတော်များအ‌‌ရှေ့တွင် ပူဇော်ထားသည့် ပုံစံ

ဖြစ်နေသည့်အတွက်မသင့်တော်ပါ။ လုံး၀မပြုလုပ်မိပါစေနှင့်။

 

・မတူညီသောစားစရာများကို ညှပ်ယူရာတွင် တူတစ်ချောင်းတည်းဖြင့် အသုံးပြုခြင်း

တခြားဟင်းပန်းကန်များဆီသို့တူတစ်ချောင်းတည်းဖြင့် လှည့်ပတ်၍ အသုံးပြုခြင်းကိုဆိုလို ပါတယ်။အရသာရှိသောအစားအသောက်များကိုစားသောက်ရန်အတွက် သန့်ရှင်းစွာပြုမှုစား သောက်တတ်ရန် လိုအပ်ပါသည်။ စမတ်ကျစွာ စား‌သောက်တတ်ပါစေ။

 

・အစားအသောက်ဟင်းခွက်များအတွင်း လှန်လှော်၍ရှာဖွေစားသောက်ခြင်း

မိမိစားချင်သည့်စားစရာများကိုတူဖြင့်ရှာဖွေစားသောက်ခြင်းကိုဆိုလိုပါတယ်။ အစားအသောက်ဟင်းလျာများဟာမျက်စိဖြင့်လည်းအရသာရှိကြောင်းခံစားနိုင်သောအရာ တစ်ခုဖြစ်ပါတယ်။တကူးတကသေချာစွာပြင်ဆင်ထားသောစားစရာဟင်းပွဲများဖရိုဖရဲဖြစ်သွားနိုင်သောကြောင့်အပေါ်မှအစဥ်လိုက်စားသုံးကြရအောင်။တူကိုမှန်ကန်စွာအသုံးပြုခြင်းဖြင့် အရသာရှိသော ဂျပန်အစားအသောက်များကိုစားသုံးကြပါစို့။