会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အသင်းအဖွဲ့ဖြင့်ပူးပေါင်းပါ၀င်လုပ်ဆောင်မှု(Team Work)

06.01.2020

အသင်းအဖွဲ့ဖြင့်ပူးပေါင်းပါ၀င်လုပ်ဆောင်မှု(Team Work)

 

Team Work ဆိုတာကတော့ အလုပ်သမား၀န်ထမ်းအချင်းချင်းရိုင်းပင်းကူညီပြီး အားနည်းချက်များကိုဖေးမကာ တစ်ဦး တစ်ယောက်တည်းလုပ်လို့မဖြစ်နိုင်တဲ့အလုပ်ကို အသင်းအဖွဲ့ပြုလုပ်ဖွဲ့စည်းရာမှ ပေါ်ပေါက်လာသော အင်အားကိုဆိုလို ပါတယ်။

ဂျပန်လူမျိုးများရဲ့အားသာချက်မှာ “Team Work – အသင်းအဖွဲ့ဖြင့်ပူးပေါင်းပါ၀င်လုပ်ဆောင်နိုင်ခြင်းပဲ” ဟု နိုင်ငံရပ်ခြားတွင် ပြောစမှတ်ရှိသည်အထိ ဂျပန်လူမျိုးများဟာ အမှန်ပင် အဖွဲ့လိုက်အတူတကွ ပူးပေါင်းအလုပ်လုပ်ကြပါတယ်။

အဖွဲ့လိုက် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် အင်အားကြီးမားလာစေပြီး ထိုအဖွဲ့ရဲ့လုပ်ဆောင်မှုရလာဒ်မှာလည်း ပိုမိုကောင်းမွန်လာစေပါတယ်။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဖေးမကူညီကာ အလုပ်လုပ်ခြင်းဖြင့် အဖွဲ့၏ ပူးပေါင်းလုပ်ဆောင်မှု ပိုမိုကောင်းမွန်လာပါမယ်။ လုပ်ဖော်ကိုင်ဖက်များနှင့် ပိုမိုရင်းနှီးလာသဖြင့် အတူတကွ ပူးပေါင်း လုပ်ဆောင်မှု မြင့်မားလာကာ နေ့တိုင်းနေ့တိုင်း အလုပ်သွားရတာလည်း ပျော်ဖို့ကောင်းလာပါလိမ့်မယ်။

အသက်အရွယ်၊ ကျားမ၊ နိုင်ငံသား၊ အလုပ်အတွေ့အကြုံအနည်းအများနှင့် အထက်လူအောက်လူခွဲ ခြားမှု မရှိတဲ့ အလုပ်ခွင်ပတ်၀န်းကျင်ကိုဖန်တီးနိုင်မယ်ဆိုရင် အဖွဲ့ရဲ့လုပ်ဆောင်မှုရလာဒ်ပိုမိုကြီးမားလာနိုင်မည်မှာ အမှန် ပင်ဖြစ်ပါတယ်။