会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

တန်းစီစောင့်ဆိုင်းခြင်း

05.01.2020

တန်းစီစောင့်ဆိုင်းခြင်း

 

နိုင်ငံခြားသားများကဂျပန်လူမျိုးများကိုကြည့်ပြီးဂျပန်လူမျိုးတွေဟာတန်းစီရတာကြိုက်တယ် လို့အထူးတဆန်းထင်မှတ်တတ်ကြပါတယ်။ဂျပန်လူမျိုးတွေဟာသည်းခံစိတ်ရှိကြပြီးစည်း ကမ်းလိုက်နာကြတဲ့လူမျိုးတွေဖြစ်ကြပါတယ်။အကယ်၍ထိုစည်းမျဥ်းများကိုမလိုက်နာတဲ့သူများရှိရင် အမှန်တကယ်ပြဿနာဖြစ်ပွါးနိုင်ပါတယ်။

တန်းစီနေစဥ်အတွင်းကြားဖြတ်၍မ၀င်ရပါ။မိမိအလှည့်ရောက်သည်အထိသည်းခံစောင့်ဆိုင်း ပါ။ဆိုင်နှင့်အလိုအလျောက်ရောင်းစက်တို့တွင်စျေးဝယ်ချိန်၊ဘတ်စ်ကားနှင့်ရထားစီးချိန်တို့ တွင်လည်း ထိုနည်းတူစွာပင်တန်းစီစောင့်ဆိုင်းပါ။

လူများကြားတွင်တန်းစီခြင်းဟာလည်းစိတ်ဖိစီးထဲကတစ်ခုဖြစ်ပါတယ်။မိမိဘက်မှစည်းကမ်းအနည်းငယ်ချိုးဖောက်လိုက်ခြင်းအားဖြင့်အခြားသူများအတွက်နှောက်အယှက်ဖြစ်ကာဆိုးရွားတဲ့ပြဿများလည်းဖြစ်ပွါးနိုင်ခြေရှိပါတယ်။တန်းစီနေတဲ့လူများကြားမှာလည်းဂရုဏာတရားဖြင့်အားလုံး နဲ့အဆင်ပြေအောင်တန်းစီကြရအောင်နော်။