会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

သန့်ရှင်းသန့်ရပ်စွာဖြီးလိမ်းခြယ်သပြင်ဆင်ခြင်း

03.01.2020

သန့်ရှင်းသန့်ရပ်စွာဖြီးလိမ်းခြယ်သပြင်ဆင်ခြင်း

 

ဖြီးလိမ်းခြယ်သပြင်ဆင်ခြင်းဟာ မိမိရဲ့သန့်ရှင်းသပ်ရပ်မှုကိုပြသရုံသာမက တစ်ဖက်လူအပေါ်အလေးထား ကြောင်း ပြသရာလည်း‌ရောက်ပါတယ်။ ထိုအရာဟာ အရွယ်ရောက်သူတစ်ယောက်အနေဖြင့် လုပ်ငန်းခွင်အတွင်း လိုက်နာ ရမည့်ကျင့်၀တ်တစ်ခုဖြစ်ပါတယ်။

လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များ၊ customerများနှင့် ဆက်ဆံတဲ့အခါ သန့်ရှင်းသန့်ရပ်တဲ့ဖြီးလိမ်းချယ်သမှုဟာ အရေးပါတဲ့အရာဖြစ်ပါတယ်။ တခြားလူများအား စိတ်အနှောင့်အယှက် မဖြစ်စေတဲ့ ဖြီးလိမ်းချယ်သမှုမျိုး လုပ် ထားရန်လည်း လိုအပ်ပါတယ်။ စနစ်ကျသေချာစွာဖြီးလိမ်းချယ်သထားခြင်းအားဖြင့်  အများအမြင်တွင်လည်း အလုပ်ကိုသေချာစွာလုပ်နိုင်တဲ့သူဟုထင်မှတ်ခံရခြင်းမျိုးရှိနိုင်ပါတယ်။

အရွယ်ရောက်သူများအနေဖြင့် မဖြစ်မနေပြုလုပ်လိုက်နာရမဲ့ကျင့်၀တ်တစ်ခုဖြစ်ပြီး ထိုအရာဟာလည်း မိမိအ

တွက်ပဲဖြစ်ပါတယ်။

အမြဲတမ်းသန့်ရှင်းသန့်ရပ်ဖြီးလိမ်းချယ်သထားခြင်းအားဖြင့် အလုပ်လုပ်နိုင်တဲ့သူ၊ စမတ်ကျသူ၊ ပုံရိပ်ကောင်းမွန်သူဖြစ်ထင်မှန်ခံရပြီး အလုပ်နှင့်စီးပွါးရေးဆိုင်ရာအခွင့်အလမ်းများလည်းတိုးပွါးလာနိုင်ပါတယ်။