会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ရေချိုးခန်း အသုံးပြုချိန် သတိပြုရန်

25.12.2019

ရေချိုးခန်း အသုံးပြုချိန် သတိပြုရန်

 

ရေချိုးခန်းတွင်းရှိ ရေဆင်းပိုက်များအတွင်းကို ဆံပင်နှင့် အမှိုက်များစွန့်ပစ်လျှင် ရေဆင်းပိုက်ပိတ်ဆို့တတ်ပါတယ်။ ရေချိုးခန်းရေဆင်းပိုက် ပိတ်ဆို့ပါက ရေဆိုးများ လျှံတက်လာနိုင်ပြီး အတော်လေး အခက်အခဲဖြစ်လာနိုင်ပါတယ်။ မိမိအခန်းအောက်ထပ်ရှိ အခန်းများတွင်လည်း ရေဆိုးများလျှံထွက်လာပြီး နေထိုင်သူများအား အခက်အခဲဖြစ်စေကာ ဖြစ်‌ပေါ်လာတဲ့ အကျိုးဆက်နှင့် ဆုံးရှုံးနစ်နာမှုများကို မိမိဘာသာတာဝန်ယူ လျော်ကြေးပေးဆောင်ရပါမယ်။ 

ထို့ကြောင့် ရေဆင်းပိုက်များအတွင်းကို ဆံချည်မျှင်များနှင့် အမှိုက်များပစ်မချမိစေရန် အထူးသတိပြုရပါမယ်။