会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ရထားနှင့် ဘတ်စ်ကားစီးနင်းချိန် လိုက်နာရန်များ

22.09.2019

ရထားနှင့် ဘတ်စ်ကားစီးနင်းချိန် လိုက်နာရန်များ

 

ရထားနှင့် ဘတ်စ်ကားကဲ့သို့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များ စီးနင်းချိန်တွင် သူငယ်ချင်းများနှင့် အသံကျယ်လောင်စွာ စကားပြောဆိုခြင်းမပြုရပါ။ မိုဘိုင်းဖုန်းများကို silent mode ပြုလုပ်ထားပါ။

လေယာဥ်စီးနင်းရာတွင်လည်း အထက်ပါသတိပေးချက်များအပြင်၊ လက်ကိုင်ဖုန်းနှင့် ကွန်ပျူ

တာစတဲ့ လျှပ်စစ်ပစ္စည်းများကိုအသုံးမပြုမိစေရန် သတိပြုရှောင်ကြဉ်ပါ။ အထူးသဖြင့် လေယာဥ်အတက်အဆင်းချိန်များမှာ မဖြစ်မနေ power ပိတ်ထားပါ။  လျှပ်စစ်ပစ္စည်းမှ ထွက်တဲ့ လျှပ်စစ်လှိုင်းများမှာ ပမာဏသေးငယ်သော်လည်း လေယာဉ် အန္တရာယ်ကင်းစွာ  ပျံသန်းနိုင်ခြင်းကို အနှောက်အယှက်ပေးနိုင်တဲ့အတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရပါမယ်။