会員申込

ログイン

စက်ဘီးနှင့် ပတ်သတ်သော စည်းကမ်းများ

17.09.2019

စက်ဘီးနှင့် ပတ်သတ်သော စည်းကမ်းများ

 

 

ဘူတာရှေ့နှင့် လမ်းမပေါ်တွင် အချိန်ကြာရပ်နားထားတဲ့ စက်ဘီးတွေကို မိမိသဘောအတိုင်း မယူစီးရပါ။ ဂျပန်နိုင်ငံမှာ စက်ဘီးခိုးယူခံရခြင်းမှ ကာကွယ်ရန်အတွက် စက်ဘီးကို ပြစ်မှုကာကွယ်တားဆီးရေး မှတ်ပုံတင်ထားကြပါတယ်။ ပြစ်မှုကာကွယ်တားဆီးရေး မှတ်ပုံတင်ထားခြင်းမရှိတဲ့ စက်ဘီးတွေ အသုံးပြုနေတာကို ရဲများမှ စစ်ဆေးတွေ့ရှိပါက  “စက်ဘီးသူခိုး” ဟုသတ်မှတ်ခံရနိုင်ပါတယ်။ စက်ဘီးအသစ်ဝယ်ချိန်နှင့်  သူငယ်ချင်းထံမှ စက်ဘီးကို လွှဲပြောင်းလက်ခံရရှိတဲ့ အခါမျိုးတွင်လည်း  ပြစ်မှုကာကွယ်တားဆီးရေး  မှတ်ပုံတင်ကို ပြုလုပ်ရန်လိုအပ်ပါတယ်။ စက်ဘီးကို စက်ဘီးရပ်နားရာနေရာတွင် သေချာရပ်နားပါ။ စက်ဘီးရပ်နားရာနေရာ ပြင်ပတွင်   ရပ်နားမိပါက ပိုင်ရှင်မဲ့စက်ဘီးအဖြစ် သတ်မှတ်ပြီး ဖယ်ရှားထိန်းသိမ်းခြင်း ခံရပါမယ်။ ထိုအခါမျိုးမှာ သတ်မှတ်ထားတဲ့ စက်ဘီးထိန်းသိမ်းထားရာဌာနမှာ ဒဏ်ကြေးပေးဆောင်ပြီး စက်ဘီးကို ပြန်လည်ရွေးယူရပါမယ်။ ထို့ကြောင့် သတ်မှတ်ထားတဲ့ နေရာတွင်သာ စက်ဘီးရပ်နားကြပါစို့။