会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အလုပ်နောက်ကျ၊ အလုပ်ပျက်ကွက်၊ အလုပ်မှ စောပြန်ချိန်တို့တွင် အကြောင်းကြားခြင်း။

16.09.2019

အလုပ်နောက်ကျ၊ အလုပ်ပျက်ကွက်၊ အလုပ်မှ စောပြန်ချိန်တို့တွင် အကြောင်းကြားခြင်း။

 

・အလုပ်နောက်ကျချိန်

အလုပ်နောက်ကျမည်ဆိုပါက အလုပ်စချိန်မ‌ရောက်မီတွင် အထက်လူကြီးထံ ကြိုတင်အကြောင်းကြား၍ အလျင်လိုသည့် အလုပ်များရှိပါက လုပ်ဆောင်သင့်သည်များကို တိုင်ပင်ဆွေးနွေးပါ။ 

・အလုပ်ပျက်ကွက်ချိန်

*အထက်လူကြီးထံမှ ခွင့်ပြုချက် ရယူပါ။

*မိမိတာဝန်ယူထားသည့် အလုပ်များထဲမှ အလျင်လိုသည့် အလုပ်များအား မိမိပျက်ကွက်ချိန် လုပ်ဖော်ကိုင်ဖက်များမှ ဆက်လက်လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပါ။

*အလုပ်ပျက်ပြီး နောက်နေ့ အလုပ်ဆင်းချိန်တွင် ပျက်ကွက်မှုအတွက် တောင်းပန်ကြောင်းနှင့် ‌ကျေးဇူးတင်ကြောင်းကို မမေ့မလျော့ ပြောကြားပါ။

・အလုပ်စောပြန်ချိန်

နေမကောင်း၍ဖြစ်စေ၊ မိမိအိမ်မှအရေးပေါ်ဆက်သွယ်လာ၍ ဖြစ်စေ အလုပ်စောပြန်ရန် လိုအပ်လာသောအခြေအနေမျိုးတွင် အထက်လူကြီးအား အကျိုးအကြောင်းပြောကြားကာ ခွင့်ပြုချက် ရယူပါ။ ထိုနေ့တွင် မဖြစ်မနေ အပြီးသတ်ရမည့် အလုပ်မျိုးရှိပါက လုပ်ဖော်ကိုင်ဖက်၊ စီနီယာများအား ဆက်လက်ကူညီလုပ်ကိုင်ပေးရန် တောင်းဆိုပါ။ နောက်နေ့အလုပ်၀င်သည့် အချိန်တွင်လည်း လုပ်ဖော်ကိုင်ဖက်၊ စီနီယာများအား တောင်းပန်ကြောင်းနှင့် ‌ကျေးဇူးတင်ကြောင်းကို မမေ့မလျော့ ပြောကြားပါ။