会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အလုပ်တွင် လေးနက်တည်ကြည်သော အမူအရာ။

06.09.2019

အလုပ်တွင် လေးနက်တည်ကြည်သော အမူအရာ။

 

သင့်ပတ်၀န်းကျင်တွင် လေးနက်တည်ကြည်သောသူများ ရှိပါသလား? ဒါမှမဟုတ် သင့်ပတ်၀န်းကျင်မှ 

“しんけいだね”ဟု ပြောဆိုခံရခြင်းမျိုးရှိဖူးပါသလား? လေးနက်တည်ကြည်သောအမှုအရာရှိသူသည်

အားလုံးထံမှ ချီးမွန်း လေးစားခံရပါလိမ့်မည်။ အလုပ်တွင် လေးနက်တည်ကြည်မှုရှိစေသော အပြုအမှုများ

မှာ အောက်ပါ အချက်များဖြစ်သည်။ 

・ပေးအပ်လာသောအလုပ်များကို အကောင်းဆုံးပြုလုပ်မည်။

ကုမ္ပဏီသည် အလုပ်လုပ်သောနေရာဖြစ်ပါသည်။ ထို့အပြင် ထိုအလုပ်ကြောင့် လစာများရရှိပါသည်။ ထို့

ကြောင့် ပေးအပ်လာသောအလုပ်များကို လေးနက်တည်ကြည်စွာ ကြိုးစားအားထုတ်ရမည်။ အထက်လူ

ကြီးနှင့် စီနီယာများဆီသို့ ပြီးဆုံးသွားသောအရာများကို သေချာစွာ သိရှိအောင်ပြောပြရပါမည်။

အလုပ်လုပ်ရာတွင် အမြဲပြုလုပ်ကြံဆနေရန် လိုအပ်ပါသည်။ 

・အထက်လူကြီး၏ ညွှန်ကြားချက်များကိုလိုက်နာ၍  အားကြိုးမာန်တက် လက်ခံကျင့်သုံးမည်။

အလုပ်သည် အထက်လူကြီး၏ ညွှန်ကြားချက်မှ အစပြုသည်။ ညွန်ကြားချက်ကို လက်ခံလျှင် ပထမဦးစွာ

ထိုညွှန်ကြားချက်အတိုင်း မလုပ်၍မရပါ။ အထက်လူကြီးသည် ကုမ္ပဏီ၏ ရည်ရွယ်ချက်များကို ထမြောက်

စေရန်အတွက် ညွှန်ကြားခြင်းများထုတ်၍ အလုပ်တာ၀န်ကို သတ်မှတ်ခွဲဝေပါသည်။ အလုပ်ညွှန်ကြားချက်

များကို အားကြိုးမာန်တက် လက်ခံပါမည်။ အထက်လူကြီးအခေါ်ခံရလျှင်ချက်ချင်းပြန်လည်ဖြေကြားပြီး

ညွှန်ကြားချက်ကို အဆုံးထိနားထောင်ပါမည်။ 

・အချိန်ကို တိကျစွာ လိုက်နာရမည်

အချိန်သာမက ကတိပေးထားသော အချိန်အပိုင်းအခြားများကိုလည်း လိုက်နာရမည်မှာ အရွယ်ရောက်အ 

လုပ်လုပ်သူများနေဖြင့် ပြောစရာမလိုအပ်ပါ။ မည်သည့်အလုပ်တွင်မဆို အချိန်ကာလသတ်မှတ်ထားပါ

သည်။ အလုပ်ပြီးမြောက်သင့်သည့်အချိန်သာမက ခွဲဝေပေးထားသောအလုပ်တွက် လိုအပ်ချိန်များကို

သတိပြု၍ သတ်မှတ်ထားသောအချိန်ကာလကို သေချာစွာ လိုက်နာရပါမည်။ အလုပ်နောက်ကျခြင်း၊

ကတိပေးထားသောအချိန်ကာလကို မလိုက်နာနိုင်ခြင်းသည် လူအဖွဲ့အစည်းထဲသို့၀င်ရန် အရည်အချင်း

မပြည့်မီသူသာဖြစ်သည်။ 

တည်ကြည်လေးနက်သောအမှုအရာရှိသူကို အလုပ်လုပ်နိုင်သောသူဟု အသိမှတ်ပြုခံရပါလိမ့်မည်။ မိတ်

ဆွေတို့လည်း အလုပ်လုပ်ရာတွင် လေးနက်တည်ကြည်စွာဖြင့် သေချာစွာ အလုပ်လုပ်ကြပါလို့ တိုက်တွန်း

လိုက်ပါတယ်။