会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ဂျပန်ရိုးရာ လက်ဘက်ရည်ပွဲ

05.09.2019

 

ဂျပန်ရိုးရာ လက်ဘက်ရည်ပွဲ

 

ဂျပန်ရိုးရာလက်ဘက်ရည်ပွဲဟာ ဂျပန်ပြည်တွင်းမှာသာမက တစ်ကမ္ဘာလုံးကပင် အသိအမှတ်ပြုလက်ခံထားတဲ့ ဂျပန်ရိုးရာယဥ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ 

 

ဂျပန်ရိုးရာ လက်ဘက်ရည်ပွဲတွင်  အစိမ်းရောင်လက်ဖက်ခြောက်မှုန့် (Matcha) ကိုထည့်ပြီး သောက်သုံးရုံသာ မဟုတ်ဘဲ လက်ဘက်ရည်ဖျော်တဲ့ ပစ္စည်းအသုံး‌အဆောင်များ၊  လက်ဘက်ရည်ဖျော်ပွဲမှာ အလှဆင်တဲ့ အနုပညာလက်ရာပစ္စည်းများ၊ လက်ဘက်ရည်ပွဲ ကျင်းပရာခန်းမနှင့် ခြံဝန်းများ၊ လက်ဘက်ရည်နှင့် တွဲဖက်စားသောက်ရန် ရိုးရာမုန့်များကိုပါ ထည့်သွင်းစဥ်းစား ပြင်ဆင်ကြပါတယ်။  ဂျပန်ရိုးရာ လက်ဘက်ရည်ပွဲဟာ ဂျပန်ယဥ်ကျေးမှုကို ပြီးပြည့်စုံစွာ စုစည်းပြသတဲ့ အခမ်းအနား တစ်ခုအဖြစ်လည်း တန်ဖိုးထား ခံယူထားကြပါတယ်။ 

 

ဂျပန်ရိုးရာ လက်ဘက်ရည်ပွဲမှာ လိုက်နာရမယ့် အချက်တွေကတော့ နေ့စဉ်လူမှုဘဝ အပြုအမှုတွေနှင့် အလားတူပင်ဖြစ်ပြီး၊ မိမိအထက် လူကြီးသူမများကို လေးစားကာ လက်ဘက်ရည်ပွဲ တက်ရောက်လာသူများကို စိတ်ငြိုငြင်မှုမဖြစ်စေဖို့ ဂရုပြုရပါမယ်။ 

 

အသေးစိတ်အနေဖြင့် ခြေအိတ်အဖြူကို ဝတ်ဆင်ရမှာဖြစ်ပြီး လက်ဝတ်ရတနာတွေ မဝတ်ဆင်ရပါ။ (လက်ဖက်ရည်ဖျော်ကိရိယာတွေကို ထိခိုက်ပွန်းပဲ့မှုမှ ကာကွယ်ဖို့  ဖြစ်ပါတယ်။)

လဘက်ရည်ပွဲ လာမချမီ မုန့်များ  စားသောက်ခြင်း မပြုရပါ။ လက်ဘက်ရည်ဖျော်ပုံဖျော်နည်းမှာ အမှန်ကတော့  သိပ်မခက်ခဲလှပါ။ ဉပမာအနေဖြင့် မုန့်များကို မိမိမှ အရင်ဦးစွာ သုံးဆောင်မည်ဆိုပါက  “Osakini Itadakimasu” ဟုပြောကြားပြီးမှ စားသုံးပါ။ လက် ဘက်ရည် သုံးဆောင်ရာတွင် လဘက်ရည်ပန်းကန်ပေါ်ရှိ ရုပ်ပုံများ စွန်းထင်းမှု မရှိစေဖို့အတွက် လဘက်ရည်ပန်းကန်ရဲ့ ရှေ့မျက်နှာစာဘက်မှ မသောက်ရပါ။ အခွင့်အခါကြုံကြိုက်ပါက မိတ်ဆွေတို့လည်း ဂျပန်ရိုးရာ လက်ဘက်ရည်ပွဲအကြောင်းကို လေ့လာကြဖို့ တိုက်တွန်းလိုက်ပါတယ်။