会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အများသုံးဧရိယာများ အသုံးပြုပုံ

22.08.2019

 အများသုံးဧရိယာများ အသုံးပြုပုံ

 

စုပေါင်းအိမ်ယာတွေမှာ အိမ်ဝင်‌ပေါက်နှင့် corridor လျှောက်လမ်း၊ လှေကား စတာတွေဟာ အိမ်ယာတွင်း နေထိုင်သူတွေ အသုံးပြုတဲ့ အများသုံးဧရိယာတွေ ဖြစ်ပါတယ်။ အများသုံးဧရိယာတွေကို မီးဘေးအန္တရာယ် စတဲ့ အရေးပေါ် အခြေအနေမျိုးတွေမှာ အရေးပေါ်ထွက်ပေါက်အနေဖြင့် အသုံးပြုတဲ့အတွက် နေရာလွတ်နေတယ်လို့ ထင်မှတ်ပြီး ထိုနေရာများမှာ ပစ္စည်းများ မထားရပါ။ ထို့ပြင် ထိုနေရာတို့တွင်အမှိုက်ပစ်ခြင်းမှလည်း ရှောင်ကြဉ်ကြရပါမယ်။ အများသုံးဧရိယာတွေကို အမြဲတစေ သန့်ရှင်းစွာ အသုံးပြုကြရပါမယ်။