会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

မီးပန်းပွဲတော် 

01.09.2019

 

မီးပန်းပွဲတော် 

 

ဂျပန်နိုင်ငံတွင် မီးပန်းပွဲတော်ကို ဇူလိုင်နှင့် သြဂုတ်လများမှာ အများဆုံးကျင်းပလေ့ရှိကြပါတယ်။ 

ဂျပန်လူမျိုးများဟာ ဂျပန်ရိုးရာ ယုခတ ဝတ်စုံများ ဝတ်ဆင်ပြီး မီးပန်းပွဲတော်ကို ပါဝင်ဆင်နွှဲကြပါတယ်။ 

ယုခတကို ဝတ်ဆင်ရတဲ့ အကြောင်းအရင်းကတော့ ညချမ်းအချိန်မှာ ယုခတဝတ်စုံကို ဝတ်ဆင်ပြီး မီးပန်းကြည့်ရှု့တဲ့ ဓလေ့ကို  အဲဒို ခေတ်ကတည်းက စတင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ 

ယနေ့ခေတ်မှာတော့ ယုခတ ဝတ်စုံဟာ မီးပန်းပွဲတော်မှာ ချစ်သူအချင်းချင်းတွေ့ဆုံချိန်းဆိုရာမှာ ဝတ်ဆင်တဲ့ဝတ်စုံအဖြစ် ရေပန်းစားလျက်ရှိပါတယ်။