会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အချိန်လေးစားလိုက်နာမှု

11.08.2019

အချိန်လေးစားလိုက်နာမှု

 

 

ဂျပန်နိုင်ငံမှာ ရထားများ အချိန်ဇယားအတိုင်း အချိန်မှန် ပြေးဆွဲနေခြင်းသည် အထူးအဆန်းမဟုတ်ပေ။ အချိန်တိကျတဲ့ နိုင်ငံဖြစ်ပြီး ၂~၃မိနစ်ခန့် ရထားနောက်ကျလျှင်တောင်မှ တောင်းပန်ကြောင်း ကြေညာသည်အထိ အချိန်လေးစားလိုက်နာတဲ့ နိုင်ငံဖြစ်ပါတယ်။ အလားတူပင် အလုပ်မှာလည်း အချိန်ကို လေးစားလိုက်နာကြပြီး နောက်ကျခြင်းကို တားမြစ်ထားပါတယ်။ ဥပမာ အလုပ်ဝင်ချိန် ၉နာရီဖြစ်ပေမယ့် ၉နာရီ ၂မိနစ်မှ အလုပ်ဝင်လျှင် အဆူခံရနိုင်ပါတယ်။ တချို့သူများအနေနှင့် အချိန်၂မိနစ်ခန့်ဟာ နောက်ကျသည် မဆိုနိုင်ဘူးလို့ ထင်မှတ်ကြပေမယ့် “အချိန်ကိုတိတိကျကျ လေးစားလိုက်နာခြင်း” ဟာ ဂျပန်လူမျိုးတို့ရဲ့ အစဥ်အလာဓလေ့ တစ်ခုဖြစ်ပါတယ်။

အထူးသဖြင့် ဂျပန်လူမျိုးများအနေဖြင့် လုပ်ငန်းခွင်ဝင်ချိန် နောက်ကျခြင်းကို မနှစ်မြို့ကြပါ။ (အလုပ်နောက်ကျသူ =အလုပ်မလုပ်နိုင်သူ) အဖြစ် မှတ်ယူလေ့ရှိကြပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်စဉ်အတွင်း နိုင်ငံခြားသားများလည်း ဂျပန်လူမျိုးများနည်းတူ အချိန်စည်းကမ်း လိုက်နာကြပါစို့။