会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ဂျပန်အစားအသောက် (ဆူရှီ)

10.08.2019

 

ဂျပန်အစားအသောက် (ဆူရှီ)

 

ယနေ့ခေတ်တွင် ဂျပန်အစားစာ ဆူရှီကို sushi ‌ဟူသော ဂျပန်စကားလုံးဖြင့်ပင် တစ်ကမ္ဘာလုံးက သိရှိကြပါတယ်။

ဆူရှီဗီနီဂါဖြင့် ပြုလုပ်ထားတဲ့ ထမင်းပေါ်တွင် ပါဝင်ပစ္စည်းများကိုတင်ပြီး ဆုပ်လုံးထားတဲ့ ဆူရှီထမင်းလုံးအပြင် chirashiဆူရှီ၊  လေးထောင့်ပုံ oshiဆူရှီနှင့် 巻き寿司 ဆူရှီထမင်းလိပ်ဟူ၍ ပုံစံအမျိုးမျိုးရှိကြပါတယ်။ ရှေးခေတ် ဂုဏ်ပြုပွဲများတွင် ဆူရှီကို တန်ဖိုးကြီး အစားအစာအနေဖြင့် စားသောက်ကြပေမယ့် ယနေ့ခေတ်မှာတော့ စျေးသက်သာတဲ့ ဆူရှီအဝိုင်းပတ်လှည့် စားသောက်ဆိုင်တွေ ပေါ်ပေါက်လာတဲ့အတွက် ပုံမှန်အစားအသောက်အနေဖြင့် နေ့စဉ်စားသောက်ကြပါတယ်။ 

 

ဆူရှီကို လက်ဖြင့်လည်း စားသောက်နိုင်ပါတယ်။ မစားခင် လက်ကိုစင်ကြယ်အောင် ဆေးကြောထားပါ။ ဆူရှီကို လက်ဖြင့်စားတဲ့အခါမှာ လက်နှင့်ဆုပ်ကိုင်ယူပြီးစားခြင်းထက် လက်ချောင်းများဖြင့် ညှပ်ယူစားသောက်ခြင်းက ပိုအဆင်ပြေပါတယ်။ လက်ဖြင့်စားရာတွင် တစ်ခုကိုတစ်လုတ်နှုန်းဖြင့် စားသောက်ခြင်းဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။ တူဖြင့်စားပါက တူဖြင့်ဆယ်ယူသလိုမျိုး မဟုတ်ဘဲ ဆူရှိကို တူဖြင့် သေချာညှပ်ယူ စားသောက်ပါ။ ဆူရှီကို ဂျပန်ပဲငံပြာရည်(ရှောယူး)ဖြင့် တို့၍ သုံးဆောင်လေ့ရှိကြပါတယ်။ တွဲဖက်စားစရာများဖြစ်တဲ့ (ဂျင်းချဥ်ဖတ်)နှင့် green tea တို့ဖြင့်လည်း မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။