会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ဆူညံအနှောင့်အယှက်ပေးသံ သတိပြုရန်

07.08.2019

 

ဆူညံအနှောင့်အယှက်ပေးသံ သတိပြုရန်

 

လူနေအိမ်၊ တိုက်ခန်း စတဲ့ စုပေါင်းအိမ်ယာတွေမှာ နေ့စဉ်လူမှုဘဝမှ ထွက်ပေါ်လာတဲ့

ဆူညံသံနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ ရှိကြပါတယ်။ ညပိုင်းတိတ်ဆိတ်ချိန်မှာ ဆူညံသံ မထွက်စေရန် အပြည့်အ၀ လိုက်နာရမှာဖြစ်ပြီး လူမှုဘဝဆူညံအနှောင့်အယှက်ပေးသံတွေ မထွက်ပေါ်လာစေရန် ဂရုပြုရပါမယ်။ ဥပမာအားဖြင့် တံခါးဖွင့်ပိတ်သံ၊ လှေကား အတက်အဆင်းသံ၊ ကြမ်းပြင်ပေါ် လမ်းလျှောက်တဲ့ ခြေသံ စတဲ့ သာမန်အချိန်မှာ သတိမထားမိတဲ့ ဆူညံသံလေးကပင် ညပိုင်းတိတ်ဆိတ်ချိန်မှာ ကြီးမားကျယ်လောင်တဲ့ ဆူညံအနှောင့်အယှက်ပေးသံ ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ညအချိန်မှာ ဖုန်စုန်စက်၊ အ၀တ်လျှော်စက်တို့ အသုံးပြုခြင်းမှ ဆူညံအနှောင့်အယှက်ပေးသံတွေ ထွက်ပေါ်လာနိုင်တဲ့ အတွက် အသုံးမပြုမိစေရန် အထူးဂရုပြုပါ။

ညအချိန်မှာ စကားကျယ်ကျယ်မပြောမိစေရန် သတိပြုရပါမယ်။ သူငယ်ချင်းအချင်း

ချင်းတွေ့ဆုံခိုက် မိခင်ဘာသာစကားဖြင့် လွတ်လပ်စွာစကားပြောဆိုခြင်းမှာ အ‌ရေးပါတဲ့

အရာဖြစ်ပေမယ့် စကားကောင်းလာတာနှင့်အမျှ အားပါလာပြီး အသံကျယ်လောင်လာခြင်းမျိုး ရှိတတ်ပါတယ်။ ပတ်ဝန်းကျင်မှ လူအများအိပ်စက်နေချိန် အသံကျယ်လောင်စွာ ပြောဆိုခြင်းကို အလေးထား ရှောင်ကြဉ်ပါ။ အိမ်နီးနားချင်းပတ်ဝန်းကျင်မှ “ဆူညံလိုက်တာ” ဟု သတိပေးခံရလျှင် အေးဆေးစွာ နားထောင်ပေးလိုက်ပါ။ စိတ်ခံစားမှုအတိုင်း ချက်ချင်း တုံ့ပြန်ပြောဆိုမိလျှင် ကြီးမားတဲ့ လူမှုရေးပြဿနာ ဖြစ်နိုင်တာကို အထူးဂရုပြုပါ။ ဂျပန်နိုင်ငံရဲ့ စည်းမျဥ်းစည်းကမ်းတွေအား သေချာစွာ လေးစားလိုက်နာသူကို ပတ်ဝန်းကျင်ရှိလူများမှ အလွယ်တကူ အသိအမှတ်ပြုလက်ခံလာမှာ ဖြစ်ပါတယ်။