会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အလုပ်နှင့် ပုဂ္ဂိုလ်ရေးခွဲခြားထားမည်။

07.07.2020

အလုပ်နှင့် ပုဂ္ဂိုလ်ရေးခွဲခြားထားမည်။

 

အလုပ်နှင့်ပုဂ္ဂိုလ်ရေးကို မရောထွေးစေဘဲခွဲခြားထားရမည်။ လုပ်ခလစာပေးထားသည့်အတွက် အလုပ်ချိန် အတွင်း အလုပ်နှင့်မဆိုင်သောအရာများကို မပြုလုပ်ရပါ။ ထို့ပြင် အလုပ်အကြောင်းအရာများတွင် လျှို့ဝှက်ချက်များရှိနိုင်သည့်အတွက် SNSစသည့်တို့တွင် အချက်အလက်များ၊ ဓါတ်ပုံများ လွယ်ကူစွာ မပေါက်ကြားစေရေးအတွက် သတိပြုရန်လိုအပ်သည်။ အခြား ဥပမာတစ်ခုအနေဖြင့် အလုပ်နှင့်ပုဂ္ဂိုလ်ရေးရှုပ်ထွေးမှုကို ဖြစ်စေသော အပြုအမှုများကို မပြုလုပ်မိစေရန် သတိပြုရမည်။

 

・ကုမ္ပဏီပိုင် ပစ္စည်းများကို မိမိပိုင်ပစ္စည်းအဖြစ် သတ်မှတ်၍ သယ်ဆောင်သွားခြင်း။

・Twitterနှင်SNSတို့တွင် အလုပ်နှင့်ပတ်သက်သော ဓါတ်ပုံ၊ စီးပွါးဖက်အလုပ်ရှင်များ၏ အချက်အလက်များ၊ customerများ၏ အချက်အလက်များ ရေးတင်ခြင်း၊ ရထားအတွင်းစသော အများပြည်သူပိုင်နေရာများတွင် အလုပ်နှင့်ပတ်သက်သောစကားများ ပြောဆိုခြင်း။      

・ကုမ္ပဏီမှ ကွန်ပျူတာဖြင့် အလုပ်နှင့်မဆိုင်သော website များကြည့်ရှုခြင်း။

・ကုမ္ပဏီ mail address မှ personal mail ဆီသို့ပို့ခြင်း။

 

အထက်ပါ အချက်များအပြင် ကုမ္ပဏီပိုင်‌ ငွေကြေးများကို မိမိပိုင်ငွေအဖြစ် အလွဲသုံးစားပြုခြင်းသည်လည်း အလုပ်နှင့်ပုဂ္ဂိုလ်ရေးရှုပ်ထွေးမှုကို ဖြစ်စေသော အပြုအမူဖြစ်ပါသည်။

ထိုကဲ့သို့ ပြုမှုဆောင်ရွက်ပါက လုင်ငန်းခွင်ရှိလူများ မနှစ်မြို့မှုများဖြစ်စေပြီး၊ မိမိပုံရိပ်ကို ထိခိုက်စေပါသည်။ မိတ်ဆွေတို့လည်း အလုပ်နှင့် ပုဂ္ဂိုလ်ရေးကို သေချာ ခွဲခြားထားကြရပါမည်။